အပိုင်း ၇

9.6K 741 19
                                    

Unicode


ဝေသည် စာကြည့်​စားပွဲ​ပေါ်ထောင်ထားဆဲ ဖြစ်သော ဓာတ်ပုံလေးကို ကြည့်ကာ သက်ပြင်းချလိုက်မိသလား ။သို့မဟုတ် အသက်ရှူခြင်းကို ခဏ ရပ်လိုက်မိသလား မသိတော့ပေ ။ ထိုပုံက ကျောင်းအားကစားနေ့မှာ အမှတ်တရ ရိုက်ထားသော ပုံဖြစ်သည်။ပုံထဲတွင် သူတို့ သုံးယောက်လုံး ပြုံးရယ်နေကြသည်။ အထူးသဖြင့် ကြွေသည် ဝေ နှင့် စိမ်းကြားတွင် ရပ်ပြီး စိမ်းပုခုံးဘက် ခေါင်းလေးမှီကာ အားပါးတရ ပြုံးရယ်နေခဲ့ပုံက ဘယ်အချိန်ကြည့်ကြည့် ထူးခြားပြီး လှရက်လွန်းသည်ဟု ထိုစာကြည့်စားပွဲတွင် ထိုင်လိုက်တိုင်း ငေးမောမိခဲ့ရသည်။ ထိုဓာတ်ပုံလေးက အစပြုသည်ဟူ၍လည်း မဟုတ်ပါလေ။

​ကြွေက ပြုံးရယ်မနေလျှင်တောင် သိပ်လှလွန်းသည်ကို ဝေ ထိုကျောင်းကို ပြောင်းလာသည့် နေ့ကတည်းကပင် သတိထားမိခဲ့သည်ပဲ။

ထို့နေ့က ကျောင်းပြောင်းလာသည့် ဝေ့ကို ရုပ်ရှင်တွေထဲကလို ဆရာ ၊ ဆရာမတွေက အတန်းထဲ မိတ်ဆက်မပေးခဲ့ပါ ။ ဝေသည် အတန်းမတက်ခင်​မှာပင်​ အခန်းထဲ ကြို​ရောက်​နေခဲ့ပြီး ဖြစ်သည်။ အတော်လေး စောနေသေးသည့်အချိန်မို့ အတန်းထဲတွင် မိန်းကလေးတစ်ယောက်သာ ရှိနေခဲ့သည်။ ထိုမိန်းကလေး မမြင်ခင်က ဝေသာလျှင် ကိုယ့်ကိုယ်ကိုယ် အလှဆုံးဟု အထင်မှားခဲ့ဖူး၏ ။ အရာအားလုံးထက် ပိုလှသော မိန်းကလေးတစ်ယောက်ကို မြင်ရလျှင် မနာလိုဖြစ်ရလိမ့်မည်ဟု ထင်ခဲ့ဖူးသော်လည်း မဟုတ်ပြန် ။

ထိုမိန်းကလေးသည် ဆံပင်​အရှည်​ကြီးကို အမြင့်​မှာ ဖွဖွ​လေး စည်းထား​ပြီး နဖူးပြင်​ထက်​မှာ အနည်းငယ် ဝဲကျလျှက်ရှိသော ဆံစတို့က ပြတင်းပေါက်မှ နေရာင်ခြည်နှင့် ထိတွေ့သောအခါ ရွှေရောင်လေးသဖွယ် လင်းလဲ့နေသည် ။ ဝေသည် ထိုဆံစလေးများကို ဖယ်ပစ်ပြီး ထိုမိန်းကလေး၏ မျက်နှာလေးကို အပြည့်အဝ မြင်လိုက်ရဖို့ စိတ်လှုပ်ရှားခဲ့မိလောက်အောင် ထိုမိန်းကလေးသည် ကဗျာဆန်ဆန် လှရက်လွန်းတာမို့ ငေးမောရင်းဖြင့်ပင် လွန်ကြူးသော အတွေးတချို့ ဝင်ရောက်လာခဲ့သည်။

"အာ .. ငါ ဘာ​ကို တွေးလိုက်မိပါလိမ့်"

ပူခနဲ ဖြစ်သွားသော မျက်နှာလေးကြောင့် ကိုယ့်​ဘာသာ စိတ်​ကို ပြန်​စုစည်းလိုက်​ပြီး ဝေ့ အကြည့်​တွေကို ထိုမိန်းကလေးဆီက လွှဲဖယ်​ပစ်လိုက်​ဖို့ ဆုံးဖြတ်​ခဲ့​ပေမယ့်​ ကံကြမ္မာပဲ ဖြစ်မည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now