အပိုင်း ၁၂

8.6K 698 35
                                    

Unicode

"​ကြွေ .. ဒီ​နေ့​ဆေးခန်းလာဖို့ ချိန်းထားတယ်​ဆို
ငါ .. လိုက်​ခဲ့ဖို့လိုလား "

​ကြွေက တစ်​ပတ်​တစ်​ခါ​ ဒေါက်​တာမခ နှင့် ဆွေး​နွေးကုသမှု ခံယူနေပြီး အစပိုင်း မှာ​တော့ ကြောက်​နေတတ်သေးသဖြင့်  ဝေ့ကို အဖော်အနေဖြင့် ခေါ်သွားတတ်​ပေမဲ့ အကြောက်တရားကို ကိုယ်တိုင်ကျော်လွှားနိုင်ဖို့လိုသည်ဟူသော ဒေါက်တာ့စကားကို အတိအကျလိုက်နာဖို့အတွက် နောက်ပိုင်းမှာ တစ်​ယောက်​တည်း သွားဖြစ်​သည်​က များ​လေသည်​။

ကြွေက အဆင်ပြေပါသည်ဟု ဆိုသော်လည်း ဝေကတော့ စိတ်မချနိုင်သဖြင့် မကြာခဏ အနောက်ကလိုက်ချောင်းတတ်ရာ တစ်ရက်မှာ ကြွေက မိသွားသဖြင့် ဆူခဲ့ဖူး၏။

"ဝေ ..
နင်ကတော့ ငါလုပ်နိုင်တယ်ဆိုတာ ယုံကြည်ပေးသင့်တယ် ။ အမှန်အတိုင်းပြောရရင် ငါ ကုသမှုခံယူနိုင်တယ်ဆိုတာကလည်း ငါ့မှာ နင်ရှိနေလို့သာ သတ္တိတွေလည်းရှိပြီး ၊ နင်က ယုံကြည်ပေးနေလို့သာ အခြေအနေတွေလည်း တိုးတက်လာတာ အမြင်ပဲ မဟုတ်လား ၊ "

​ကြွေ့ကို စိတ်မချခြင်းဟာ မယုံကြည်ခြင်းနှင့်မှ မဆိုင်ဘဲ။ ဒီအတိုင်း လှရက်လွန်းသည့် ကြွေ့ကို စိတ်မချခြင်းသက်သက်ဖြင့် ကြွေ တစ်ယောက်တည်း အပြင်သို့သွားခါနီးတိုင်း လိုအပ်ရဲ့လားဟု မေးနေမိခြင်း ဖြစ်သည်။ ဝေ့မျက်နှာက စိုးရိမ်မှုလေးကို တစ်စွန်းတစလောက်များ သိသာနေခဲ့သလား မပြောတတ်ပါ။

"ဝေ နင်​ဟာလေ
မသိရင် ငါ့ ရည်းစားကျ​နေတာပဲ "

​ကြွေက ချစ်​စရာ အပြုံး​လေးဖြင့် ဝေ့နားဆွဲလေးကို လက်ညိုးလေးဖြင့် တောက်လျှက် ဆိုလျှင် ထိုနားဆွဲလေး လှုပ်ခတ်သွားသည့် စည်းချက်နှင့် အညီ ရင်​ခုန်​သံ​တွေဟာ မူမမှန်​ချင်​တော့ ။

"​ကြွေ မြန်​မြန်​သွား​တော့​လေ
ချိန်းထားတဲ့ အချိန် နောက်​ကျ​နေမှဖြင့် "

အမြန်​နှင်​လွှတ်​မှ ဖြစ်မည်။ သည်အနေအထားအတိုင်း ကြာလျှင် ထိုအပြုံး ၊ထိုအကြည့်​တွေအောက်မှာ ချစ်ခြင်းကို ဝန်​ခံမိ​တော့မည်။

"​သွားပြီနော်"

"​အင်း .. ကြွေ ..
လမ်းမှာ​ကောင်​လေး​တွေက စ​နောက်​ရင်​လည်း
​ကြောက်​မ​နေဘဲ မကြားသလို​နေလိုက်​နော် .. လိုအပ်ရင် ငါ့ကိုဖုန်းခေါ်လိုက် "

ရွက်ကြွေ (GL-OC)Where stories live. Discover now