အပိုင်း ၁၄

9K 733 37
                                    

Unicode

ပြောခဲ့ပြီးပါရောလား ။ ကြွေဟာ ငယ်ငယ်ကထက် အများကြီး ပိုလှလာသည့်အကြောင်းပေါ့။ဒါက သိပ်ထူးဆန်းသည်လည်း မဟုတ်သလို အခုမှ သတိထားမိခြင်းလည်း မဟုတ်ဘဲ ဟိုးအရင် ကြွေ အပျိုဖော်ဝင်စကတည်းက သတိထားမိခဲ့ဖူးတာပဲ ။ ထူးဆန်းနေသည်က စိမ်း၏ စိတ်ကလေးများသာဖြစ်သည်။

ဟိုးအရင် ငါးနှစ်သမီးအရွယ် ကြွေရောက်လာသည့် နေ့ကတည်းက နှစ်​ယောက်​အတူတူ တစ်​ခန်းတည်းသုံးကြပြီး ဘယ်​နေရာသွားသွား ခွဲခဲ့ရဖူးသည်ဟူ၍ သိပ်မရှိ။​ကြွေက အိမ်​မက်​ဆိုးများ မက်​သည့်အခါတိုင်းလည်း စိမ်းက ဖက်​ထား​နေကျပင် ဖြစ်သည်။ ထိုစဥ်ကတည်းက ကြွေ့ကို မြင်တိုင်း ကမောက်ကမ ခံစားခဲ့ရသလားဟု တွေးမိတော့ ထိုသို့မဟုတ်။ အမြဲ ဖြူစင်ခဲ့သည်ချည်းဟု ဆိုရလျှင် ဘယ်အချိန်ကစပြီး ပြောင်းလဲသွားခဲ့သလဲ မေးလျှင်တော့ တိတိကျကျ အဖြေဟာ ရှိမနေပြန် ။ သိသာသော အချိန်ကို ပြရလျှင် တစ်နှစ်တာလောက် ခွဲခွါပြီး ပြန်​တွေ့ရသည့် အခုအချိန်ကိုသာ ဆိုရမည် ။ ထိုတစ်နှစ်အတွင်း ကြွေက အထူးတလည် ပြောင်းလဲ မသွားသော်လည်း စိမ်း၏ စိတ်ကလေးမှာ ပုံမှန်မဟုတ်တော့ပေ။ ကြွေ့ မျက်​နှာ​လေး နီးကပ်​လာသည့်အခါ စိမ်းရင်​ဘတ်​ထဲက တလှပ်​လှပ်​ ဖြစ်လာသည် ။ အဲ့ဒါက ဘာလဲဆိုတာတော့ ကိုယ့်​ဘာသာ​တောင်​မသိချင်တော့သည်အထိ ထူးဆန်းလာသည်။

"​ကြွေ  ဘာလုပ်​နေတာလဲ
...  ဖယ်​တော့ "

ထူးဆန်းသည် ။ ထိုစကားကိုပင် စိမ်းမှာ မနည်းအားယူပြောလိုက်ရခြင်းဖြစ်ပြီး မောဟိုက်နေသလို စိမ်းအသံမှာ လေတိုးသံက တစ်ဝက်ဖြစ်နေသည်။

"ခဏလေး .. စိမ်း
အသံတစ်ခုခု ကြားရသလို မထင်မိဘူးလား
နား​ထောင်​ကြည့်​စမ်း ဒီနား​လေးကပဲ တဒုတ်ဒုတ်နဲ့လေ "

ဘုရားရေ ။
စိမ်းတစ်ယောက်သာ ခံစားမိသည်ဟု ထင်ရသော ဝဲဘက်​ရင်​အုံဆီက တဒုတ်​ဒုတ်​လှုပ်​နေသည့် ထိုအရာ​လေးဟာ ​ကြွေ . ကြားနိုင်လောက်သည်အထိကို . အရှိန်ပြင်းပြင်း ခုန်​လှုပ်​နေခဲ့တာလား။ စိမ်း ခန္ဓာကိုယ်လေးကို တတ်နိုင်သမျှ ကျုံ့ထားဖြစ်သည် ။

ရွက်ကြွေ (GL-OC)Where stories live. Discover now