အပိုင်း ၉

8.8K 763 29
                                    

Unicode

ဆယ်တန်းအောင်စာရင်းကြည့်ပြီး ပြန်လာကြသော အပြန်လမ်းတွင် ဖြစ်သည်။ ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်သော နှစ်ယောက်တွင် ဝေတစ်ယောက်သည်သာ မြူးထူးတက်ကြွလျှက်ရှိပြီး ကြွေကတော့ အငြိမ်ကြီးငြိမ်နေ၏။ အောင်ရုံသာအောင်မည်ဟု ခန့်မှန်းထားသော်လည်း မြန်မာစာဂုဏ်ထူးတစ်ဘာသာဖြင့် အောင်သော စိမ်းလည်း ထိုကဲ့သို့သာ ။

"​ကြွေ နင်​ရော​ငါနဲ့အတူ​
ဆေး​ကျောင်းတက်​မယ်​မှလား အမှတ်​မှီမှာပါ "

ဝေကတော့ ကြွေနှင့်အတူ ဆေးကျောင်းတက်ဖို့ စိတ်ကူးများဖြင့် တက်တက်ကြွကြွ ရှိလှသော်လည်း ကြွေကတော့ အကြာကြီး ငြိမ်နေပြီးမှ တွေးတွေးဆဆဖြင့် ငြင်းဆိုလာ၏။

"ဟင့်​အင်း .. ငါက .. စိမ်း နဲ့ အတူတူတက်​မှာ "


​ဝေ့မျက်နှာလေး ကွက်ခနဲ ။ ထို့နောက် စိမ်းကို ကြည့်လိုက်ရာ စိမ်းသည် အငြိမ်သက်ကြီး ငြိမ်သက်နေဆဲပင် ။ ကြွေလည်း ဘာမှ ထပ်မပြောတော့ ။

​​
ကြွေ နှင့် ဝေ တို့၏ စကားသံများဟာ စိမ်း အာရုံထဲ ရောက်လာတစ်ချက် မရောက်လာတစ်ချက် ရှိနေသည်။ စိမ်း၏ အတွေးထဲတွင် ကြွေ့ကို ဘယ်လိုများ ကိုင်တွယ်ရပါမည်လဲဟု အတွေးများလျှက် ရှိ၏။

ကလေးဘဝကတည်းပင် ကြွေသည် ဆရာဝန်လုပ်တမ်း ကစားတတ်၏။ အတန်းကြီးလာသော အခါ၌လည်း ဝေပြောပြတတ်သော သူ့အဖေ၏ ခွဲစိတ်ဆရာဝန်အတွေ့အကြုံများကို အရောင်တောက်တောက် မျက်ဝန်းများဖြင့် နားထောင်တတ်သည်ကို တွေ့ခဲ့ရသည်မို့ စိမ်းနှင့်အတူတူ ကျောင်းတက်ဖို့ ဆိုခြင်းဟာ ကြွေ့ရည်မှန်းချက် မဖြစ်နိုင်သည်ကို သိနေခြင်းကြောင့် ဖြစ်မည်။ ကြွေ့ကို ဘယ်လိုကိုင်တွယ်မှ ကြွေဟာ ကြွေဖြစ်လာမည်လဲ ။

ကြွေသည် ငယ်စဥ်ကတည်းကပင် စိမ်းထံ၌ မှီတွယ်လွန်းသည်။ ထိုအရာကို သဘောမကျသည်တော့ မဟုတ် ။ စိမ်းသည်လည်း ဘဝ တစ်သက်စာ မိကြွေကို ကာကွယ်ဖို့ ယုံကြည်ချက်များ ရှိနေပြီးသားပင် ။ သို့သော် မိကြွေ ပြောလေ့ရှိသလိုတော့ ကြွေဟာစိမ်းမဖြစ်နိုင်ပေ ။ ကြွေ့ထံ၌လည်း ကြွေ၏ ကိုယ်ပိုင်ဘဝ ရှိနေသင့်သည်။ စိမ်း၏ ကာကွယ်ပေးမှုများဟာ မိကြွေဘဝ၌ လောင်းရိပ်သင့်နေပြီလားဟု တွေးမိရာက ပင်ပန်းမှုကို စတင် ခံစားလာခဲ့ရ၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now