အပိုင်း ၁၈

9.2K 752 34
                                    

Unicode

ဒီမြို့ကို စိမ်းရောက်လာဖို့ စိတ်ကူးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ကြွေနှင့်ဝေပင် သိကြသည်။ သို့သော် ရောက်လာကတည်းက လွတ်လွတ်လပ်လပ် ပျော်ရသည်ဟု၍ မရှိသေး။ မလွတ်လပ်ဘူးဟူ၍ စိမ်းကိုများ ချုပ်နှောင်ထားကြသလားဆိုတော့လည်း ထိုသို့မဟုတ်ပြန်။ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်လည်း ပေးထားပြီး ဖေဖေ့မိတ်ဆွေဆိုသူကလည်း နေရာတစ်ချို့ လိုက်ပို့တတ်သေးသည်။

ဖေဖေ့မိတ်ဆွေမိသားစုဟာ အတော်လေး ချမ်းသာကြသူများ ဖြစ်သည် ။ တောအုပ်လေးတစ်ခုအနား သီးသန့်ဆန်စွာ တည်ရှိနေသော အိမ်ကြီးသည်ပင် ဟိုတယ်တစ်ခုအလား ကြီးကျယ်လှ၏ ။ အိမ်ဝင်းထဲ၌လည်း သစ်ပင် ၊ ပန်းပင်များဖြင့် ဘယ်နေရာကြည့်ကြည့် စိတ်ချမ်းသာစရာပင် ။ ဧည့်ဝတ်ကျေပွန်ကြပုံမှာလည်း အပြစ်ဆိုစရာမရှိ ။ တစ်ခုသာ ။

"​ရွက်ကြွေလေး
ကိုယ်တို့ မြို့ကို ရောက်တုန်းလေး ဘယ်​နေရာ​တွေ​ရောက်​ဖူးချင်​သေးလဲ ကိုယ့်​ကို​ပြော​လေ သီးသန့်လိုက်ပို့ပေးမယ် "

ထို တရားခံဟာ ရောက်လာပြန်ပါပြီ ။
ကြွေ့အနားမှာ တောက်တဲ့တစ်ကောင်လို ကပ်တွယ်ကာ မျက်နှာရူးနေတတ်သူ ၊  ထိုသူဟာ ဖေဖေ့မိတ်ဆွေဖြစ်သူ၏ တစ်ဦးတည်းသောသားဖြစ်နေသောကြောင့်ပင် ဖေဖေနှင့်မေမေကလည်း ဒီအတိုင်း လွတ်ထားကြပေမဲ့ စိမ်းကတော့ နေမရ ။ စိမ်း မျက်ခုံးတန်းများ တွန့်ချိုးရလွန်း၍ သက်တမ်းတစ်ဝက်စာလောက် အိုစာသွားတော့မည်ဟုလည်း ထင်ရ၏။ ကြွေ့ကို ကြည့်လိုက်တိုင်း  ကြွေကလည်း စိမ်းကဲ့သို့ စိတ်အိုက်နေပုံရလေသည်။

"ကျွန်​မ
သွားချင်​တဲ့​နေရာ သိပ်​မရှိပါဘူး "

​ကြွေက ခပ်တန်းတန်းပင် ဆက်ဆံသော်လည်း ထိုလူက မာနရှိပုံမရ ။ ဒုက္ခ ။ မိကြွေ လှရက်ပုံမျိုးနှင့်တော့ ယောကျ်ားသားတွေမှာလည်း ဒုက္ခ။ စိမ်းမှာလည်း တစ်ဒုက္ခ ။

"​ကြွေ . ငါ
ဟိုဘက်​က​တောတန်း​လေးကို သွားချင်​လို့
နင်​ လိုက်​ခဲ့​ပေးပါလား .. ငါတစ်ယောက်တည်းဆို ပျင်းလို့လေ "

ထိုလူမမြင်အောင် မျက်စိတစ်ဖက် မှိတ်ပြလိုက်တော့ ကြွေက ပြုံးသည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now