အပိုင်း ၅

9.9K 762 7
                                    

Unicode

အပျိုပေါက်လေး ဖြစ်လာ၍လား မပြောတတ်။ စိမ်းတစ်ယောက် တစ်ခုခု ထူးဆန်းလာသည်ဟု ကြွေ ထင်နေမိသည်။ ထိုတစ်ခုခုဟာ ဘာလဲတော့ မပြောတတ် ။

"ငါတို့​နွေရာသီ​ကျောင်းပိတ်​ရက်​ကျရင်​
ရှမ်းပြည်​ဘက်​အလည်​သွားကြမလား
အဲ့ဒီမှာ  စွယ်​တော်​ရွက်​လှလှ​လေး​တွေ ရှိတယ်​တဲ့ "

ကြည့်ပါလား ။ စိမ်း အဲ့ဒါတွေ ဘယ်က သိလာသလဲ။ ကြွေနှင့် မဆုံခင်အချိန်က ရှမ်းပြည်ကိုများ ခရီးထွက်ခဲ့ဖူးပြီး အဲ့ဒီမှာများ ငယ်ရည်းစားတွေ ကျန်နေခဲ့သလားဟုလည်း တွေးမိပြန်သည်။

"ငါတော့ လိုက်လို့ မရဘူး
ငါ့အိမ်က ဆယ်​တန်းအတွက်​ ဂိုက် ခေါ်​ထားပြီးနေပြီ"

ဝေ က ထိုကဲ့သို့ ငြင်းလိုက်တာမို့ ကြွေလည်း ငြင်းဖို့ ဆင်ခြေလေးတစ်ခုက ခေါင်းထဲ လက်ခနဲ ဝင်ရောက်လာသည် ။

"စိမ်းကလည်း .. ဆယ်​တန်းက ငါတို့အတွက်​
အ​ရေးအကြီးဆုံး အချိန်​လေးပဲ​လေဟာ  .. နော်​ .. နော် "

စိမ်း၏ ရောဂါမှာ တော်တော်လေး ရင့်နေပုံရသည် ။ မလိုက်မဖက် မျက်စောင်းတွေ ပိတ်ထိုးနေပြီး နှုတ်ခမ်းလေးကပါ စူထားသေး၏။ ​အတွေးများနေသည့်ကြားကပင် ကြွေ့မယ် ပြုံးမိရသေးသည်။

"စိတ်​မ​ကောက်​ပါနဲ့ စိမ်းရာ ဆယ်​တန်းစာ​မေးပွဲပြီးရင်​ ငါတို့သုံး​ယောက်​အတူတူသွားကြမယ်​ဟာ​နော်​"

ဝေက ထိုကဲ့သို့ ဝင်ချော့တော့ ကြွေ့ကိုပါ ကြည့်လာပြန်တာမို့ ကြွေလည်း ခေါင်းတစ်ချက် ငြိမ့်ပြပြီး သက်သေပြလိုက်မှ စိမ်းက ပြုံးလာပြန်သည်။ စိမ်း ပြုံးလိုက်သည့်အခါ မေးရိုးသွယ်သွယ်လေးက အနည်းငယ် ပြန့်ကားသွားပုံက ကြည့်ကောင်းလွန်း၏ ။

"တကယ် ကတိနော် "

ကတိတွေ အထပ်ထပ် တောင်းပြီးနောက်မှာတောင် စိမ်းက သိပ်ယုံကြည်ချင်ပုံမရ ။

သူ သွားချင်သောနေရာသို့ မသွားရ၍လား မပြောတတ် ၊ ထိုနှစ် နွေရာသီ ကျောင်းပိတ်ရက်များမှာ စိမ်းတစ်ယောက်တည်း တော်တော်လေး ငြီးငွေ့နေပုံရလေသည် ။ ​ကြွေ စာလုပ်နေသည့်အနား မယောင်မလည် ရောက်လာတတ်သော်လည်း စာအတူလုပ်ဖို့တော့ ခေါ်၍မရ။ ကြွေ မြင်လိုက်တိုင်း စိမ်း၏  မျက်ဝန်းများမှာ တစ်ဝက်ပိတ်ကျလုမတတ် ။

ရွက်ကြွေ (GL-OC)Where stories live. Discover now