အပိုင်း ၁၃

8.7K 730 20
                                    


Unicode

တီ ~ တီ ~ တီ

ဖုန်းဝင်လာသည့်အသံ လုံးဝ မရှိဖူးသည့် စိမ်း၏ ဖုန်းအသစ်စက်စက်လေးဟာ ခပ်ကျယ်ကျယ် ထမြည်တာမို့ ကြွေ့အကြောင်းတွေးနေရင်းက ကြွေများ ဆက်လာခဲ့လေသလားဟု တွေးမိတော့ ဒိတ်ခနဲ လှုပ်ခတ်မှုလေးတစ်ခု ဖြစ်ပေါ်သွားသည်။

'ကြွေ' ဟူသော နာမည်အစား 'Unknown Number' ကိုသာ တွေ့လိုက်ရတာမို့ စိတ်ပျက်သွားရပြန်သည်။

"ဘယ်​သူလဲ  ဘာ​ပြောမလို့လဲ "

မျှော်လင့်နေသူဆီက မဟုတ်တာမို့ စိမ်း အသံ​ဟာဘောက်​ဆတ်​ဆတ်​ဖြစ်​နေမှာ အသေအချာ။ ဖုန်းထဲမှ ရယ်မောသံကြည်ကြည်လင်လင်လေး စိမ်းနားထဲသို့ စီးဝင်လာမှ အားတုံ့အားနာ ဖြစ်သွားရပြန်သည်။

"ရွက်​နုစိမ်းလား ကျွန်​တော်​.. ကြည်​သာ ..ပါ "

သည်အသံကို မသိစရာအကြောင်းမှ မရှိဘဲ။ ထိုအသံလေးဟာ မဝံ့မရဲပုံစံလေးလည်း ရှိနေပြန်သည်။

"သြော် .. ဆရာပါလား
ဒီအချိန်ကြီးဆိုတော့ ဆရာလို့ မထင်လိုက်တာ"

"ဒီ​နေ့ည ကျွန်တော့ညီမလေးနဲ့ ရွက်နုစိမ်း ရဲ့အစ်မ ပြန်​လာကြမှာတဲ့လေ ။ အဲ့ဒါ  ကားဂိတ်မှာ သွားကြိုမလို့ လိုက်​ခဲ့အုံးမှာလား ကိုယ်​ပဲ ကြိုလာခဲ့ရမလား မေးဖို့ဆက်လိုက်တာပါ "

​ကြွေ ပြန်လာပြီ။
ထိုအသိကြောင့် ထိတ်​ခနဲ​ပျော်​သွားမိတာ ဝန်​ခံ​ပေမဲ့ ကြွေ အိမ်ပြန်လာခြင်းကို ဘာလို့ စိမ်းက မသိရတာလဲ ။ အသိပေးစရာ မလိုလောက်တော့အောင် ကြွေဟာ စိမ်းကို မလိုအပ်တော့တာများလား ။

"ရွက်​နုစိမ်း
ကျွန်​တော်​ပြောနေတာ ကြားရဲ့လား "

ကြွေ့အကြောင်း အတွေးလွန်နေရာက ဆရာ့ဆီက အသံကြားမှ အသိစိတ်​ပြန်​ဝင်​လာသည်​။ ​

"ဆရာ ကျွန်​မအိမ်ကို ဝင်​ခေါ်ပေးနိုင်​မလား "

"ရပါတယ်​.. စိမ်း .. ရဲ့
သြော်. ကျွန်​တော်​.. စိမ်း .. လို့​ခေါ်ရင်​ဖြစ်​ရဲ့လား "

"ရပါတယ်​ဆရာ
ဝေတို့လည်း .. ဒီလို​ခေါ်တာပဲ"

ရယ်သံကြည်ကြည်လင်လင်လေးကို ထပ်ကြားလိုက်ရပြန်သည်။

ရွက်ကြွေ (GL-OC)Where stories live. Discover now