အပိုင်း ၃

10.9K 802 25
                                    

Unicode

"ရွက်​ကြွေ . နင်က အရမ်းလှတာပဲ
ငါတော့ နင့်ကို ချစ်နေမိပြီ ၊ ငါနဲ့ တွဲပါလား "

ဘယ်အချိန်ကတည်းက စိမ်း အလစ်ကို ချောင်းနေသလဲ မသိရသော အတန်းထဲကကောင်လေးတစ်ယောက်က ကြွေ့အနားသို့ တိုးကပ်ကာ ရည်းစားစကားကို ပေါ်တင်ကြီး ပြောနေရာ ကြွေတစ်ယောက် မျက်လုံးကြီး ပြူးလျှက်က တုပ်တုပ်မျှ မလှုပ်တော့ ။ ဒါကိုပင် ထိုကောင်လေးအမြင်မှာ ကြွေကလည်း သူ့ကို ရင်ခုန်နေသည်ဟုများ ထင်နေသလား မသိ ပြုံးစစဖြင့် ရယ်မောနေလိုက်သေး၏ ။ အပြင်ခဏ ထွက်သွားရာက ပြန်ရောက်လာသော စိမ်းက မျက်မှောင်ကြုံ့လျှက်က ထိုအကောင်ရဲ့ လည်ဂုတ်မှ ဆွဲလှည့်ပစ်လိုက်ကာ ခပ်သာသာခွန်အားဖြင့် တွန်းထုတ်ပစ်လိုက်ရ၏ ။

"ဟဲ့ နှာဗူး​ကောင်​
နင့်​မျက်​စိထဲ မလှတဲ့မိန်းက​လေး​ဆိုတာရော
ရှိ​ဖူးလို့လား ငါ့ အမ လှတာ မှန်​ကြည့်​ရင်​သိပြီးသား နင်​ပြောစရာလည်း မလိုဘူး ၊ ချစ်စရာလည်း မလိုဘူး သွား ၊ ထွက်သွား
မဟုတ်ရင် ငါ ဆရာမနဲ့ တိုင်ပြောလိုက်မှာ "

ပုံမှန်ထက် ပိုပြီး တည်တင်းထားသော မျက်နှာပေးလေးဖြင့် စိမ်းအသံစွာကျယ်ကျယ် ကြောင့် ထိုကောင်လေးမှာ မသွားချင် သွားချင်ဖြင့် လှည့်ထွက်သွားရသည် ။ဒါတေါင် ကြွေ့ကို လက်မလွှတ်နိုင်သေးဟန် လှည့်ကြည့် လှည့်ကြည့်ဖြင့် ရှိနေသေးသည် ။ စိမ်းကပင် လူကြမ်းမကြီး ဖြစ်ရပြန်သည်။

ဟူးးးးး ။
သက်ပြင်းလေးကို ချလိုက်ရင်း ကြွေ့ကို သေချာကြည့်မိတော့ ကြွေကလည်း မျက်လုံးရွဲကြီးများဖြင့် ပြန်ကြည့်လာခဲ့သည် ။ ဟုတ်တော့လည်း ဟုတ်ပါသည် ။ ကိုးတန်းကျောင်းသူကြီး ဖြစ်လာသည့် ကြွေဟာ တော်တော်ကြီးကို လှလွန်းနေသည်။ ငယ်ငယ်က ပြူးကြောင်ကြောင် မျက်ဝန်းတွေဟု စိမ်း တင်စားခဲ့ရသော ကြွေ့ မျက်ဝန်းနက်အစုံက ကော့ညွှတ်နေသည့် မျက်တောင်ရှည်ကြီး၏ ဝန်းရံမှုကြောင့် ထူးကဲစွာ ညှို့အားပြင်းလာသည် ။ ပြီးတော့ ကြွေ့ခန္ဓာကိုယ်လေးဟာ အရင်လို သေးညှပ်ညှက်လေး ဖြစ်မနေတော့ပါ။ စိမ်းလောက်တော့ အရပ်မရှည်သော်ငြား စိမ်းကဲ့သို့ ပိန်ချပ်နေတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ် အချိုးအစားမှာ သူ့နေရာနှင့်သူ ပြည့်စုံလွန်းလှသည်။ မိကြွေ၏ အလှကို ပို၍ ပံ့ပိုးပေးထားသည်မှာ ခါးအထိ ရှာ်လျားသော နက်မှောင်သည့် ဆံကေသာများပင် ဖြစ်ပေမည် ။ ညှို့မျက်ဝန်းများဖြင့် တစ်ချက်ကြည့်မိတိုင်း ၊ ဆံကေသာ တစ်ချက်ခါလိုက်တိုင်း ၊ ကြွေ့အလှမှာ စွဲလမ်းသွားကြသူတွေ ဘယ်နှယောက်ရှိပြီလဲဆိုတာ လက်ချိုးရေ၍ပင် မတတ်နိုင်တော့ ။ ဒီနှစ်တွေအတွင်း စိမ်းတစ်ယောက် မိကြွေကြောင့် သက်ပြင်းချမိရသည်မှာ မကြာခဏ။

ရွက်ကြွေ (GL-OC)Where stories live. Discover now