part 1(Zawgyi +Uni)

251K 11.1K 298
                                    

၂၀၁၉ မတ်လ၏ရန်ကုန်မြို့ အပူချိန်သည် အတော်ပင် ပူပြင်းလွန်းလှသည်။ လူတိုင်း ညည်းတွားရသည့်တိုင်အောင် အပူဒဏ်က ရန်ကုန်မြေအား ကြီးစိုးနေ၏။ ဒီတစ်ခေါက်နွေဦးကာလသည် အလွန်ပူပြင်းလွန်းပါသည်။ ထိုအပူချိန်ကိုမခံနိုင်သည့် ရှိန်းခေတ်နွေ အဖို့ နွေရာသီသည် သူအတွက် ဒုက္ခအရောက်ဆုံးလဖြစ်သည်။ နေရောင်ထိလိုက်ရင်ဖြင့် ချက်ချင်းဆိုသလို ဖြူဥသည့် အသားရည်မှာ အနီရောင်သန်းလာသည် ။ ချွေးတအားထွက်လျှင်လည်း မူးမော် လာသည်။ ထို့အပြင် ဖုန်နဲ့မတည့်သည့်သူမို့ အခုလို နွေရာသီရောက်တိုင်း သူအရမ်းပင်စိတ်ညစ်ရသည်။

"ဟူး အရမ်းပူတာပဲ"

ခြံထဲက ကွက်ပစ်လေးပေါ်မှာ ထိုင်ရင်း အမေ့ပေါင်ပေါ်ခေါင်းတင်ကာ ညည်းတွားလိုက်သည်။ သရက်ပင်အောက်မို့ အရိပ်အာဝါသကောင်းသော်လည်း အပြင်ကနေအပူရှိန်ကြောင့် ပူနေပါသေးသည်။ဒါကြောင့်စွတ်ကျယ် င်္အကျီကိုဝတ်ကာ ဘောင်းဘီပေါင်တိုဖြင့်သာနေနိုင်သည်။ အမေက ကျွန်တော့်အား ယက်တောင်ဖြင့်ယက်ခပ်ပေးကာ ချွေးစို့နေသည့် ဆံပင်များကို သပ်တင်ပေးနေသည်။

"အခုချိန် သူဌေးတွေပဲကောင်းတယ်။ လေအေးခန်းထဲမှာ မပူမအိုက်ပဲနေနိုင်တော့ အပူသက်သာတာပေါ့ သားလည်း အဲ့လိုနေရရင် အခုလို ပူအိုက်မနေတော့ဘူး ကဲ ဘယ်လောက်ကောင်းလဲ"

အမေက သက်ပြင်းလေးချကာ ကျွန်တော့်အားပြောသည်။

" မကောင်းပါဘူး အမေရယ် ဒီလောက်မီးတွေခဏခဏပျက်နေတာ အလုံပိတ်ခန်းထဲမှာ မီးမလာရင် airconလည်း ဘာမှလုပ်လို့မရဘူး သားတော့ အားမကျပါဘူး အခုလို အမေခပ်ပေးနေတဲ့ ယက်တောင်ရဲ့သဘာဝလေလေးပဲ ကြိုက်တယ်"

ကျွန်တော် နှာခေါင်းရှုံ့ကာပြောတော့ အမေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးသည်။

"အမေက ငါ့သားကို ပြည့်ပြည့်စုံစုံ ထားချင်တာကိုပြောတာပါကွယ်"

"အခုလည်း သားပြည့်ပြည့်စုံစုံနဲ့နေနေရတာပဲလေ သားကသာ အမေနဲ့အဖေနဲ့ကို တိုက်နဲ့ကားနဲ့ ထားချင်တာ သားအခု ကျောင်း ပြီးဖို့ နောက်တစ်နှစ်ပဲကျန်တော့တယ် တစ်နှစ်ကျော်ပဲစောင့် ကျောင်းပြီးရင် သား အလုပ်လုပ်မယ် အင်ဂျင်နီယာဖြစ်ပြီဆိုရင်  လစာကကောင်းလောက်မှာ ပြီးတော့ ပိုက်ဆံတွေ အများကြီးစုပြီး အမေတို့ကို သားကိုယ်ပိုင်design နဲ့ တိုက်အကြီးကြီးဆောက်ပေးမယ် "

Sugar Daddy (Completed)Where stories live. Discover now