part 2(zawgyi +uni)

122K 8.9K 48
                                    

ချောင်းသာက ပြန်လာပြီး တစ်ပတ်အကြာ၌။

Ring.....Ring....Ring...

"Hello ဟုတ်ကဲ့...ပြောပါ။ ဟုတ်။ ကျွန်မ သူ့ဇနီးပါရှင်"

"...."

"ရှင်!!! ဘယ်ဆေးရုံမှာလဲမသိဘူး ဟုတ်ကဲ့ ကျွန်မအခုပဲလာခဲ့ပါ့မယ်"

ဖုန်းပြောပြီးသောအခါ သူမ၏ စိုးရိမ်ပူပန်စွာတုန်လှုပ်နေသည့်အမူအယာတို့ကြောင့် ကျွန်တော် စိုးရိမ်စွာမေးလိုက်သည်။

"အမေ ဘာဖြစ်လို့လဲ"

သူမက မျက်ရည်များ ဝိုင်းကာဖြင့် ကျွန်တော့်အားကြည့်၍

"မင်းအဖေ~~မင်းအဖေ ကားတိုက်လို့တဲ့"

"ဗျာ"

ထိုစကားကြောင့် ကျွန်တော် တုန်လှုပ်သွားသည်။ကျွန်တော့် အရှေ့မှာ ရပ်နေသော အမေကလည်း မျက်ရည်များကျကာ အထိပ်တလန့်ရှိနေသည်။ မဖြစ်ဘူး ဒီလိုနေလို့မဖြစ်ဘူး။

"ဘယ်ဆေးရုံလဲ အမေ သားတို့ အခုလိုက်သွားမှဖြစ်မှာပေါ့"

ထိုအခါမှ အမေသည်လည်း သတိပြန်ဝင်ကာ တုန်တုန် လှုပ်လှုပ်ဖြင့်

"ရန်...ရန်ကုန်ဆေးရုံကြီးမှာ လို့ပြောတယ်သား"

အမေ့စကား ကြားပြီးချင်းမှာပဲ ကျွန်တော်တို့ ထို ဆေးရုံသို့ အသဲသန်လိုက်သွားကြသည်။ လမ်းတစ်လျှောက် အမေကတငိုငိုဖြင့် စိုးရိမ်စိတ်ကြီးကာ တုန်လှုပ်နေသည်။ ကျွန်တော့်မှာလည်း ခြေမကိုင်မိလက်မကိုင်မိဖြင့် ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပါစေနဲ့လို့သာ တစ်လမ်းလုံး ကြိတ်ဆုတောင်းလာရသည်။

ဆေးရုံရောက်တော့ အဖေ့ကုမ္မဏီက မန်နေဂျာက ဆေးရုံအပေါက်ဝ၌ ထွက်စောင့်နေသည်။ကျွန်တော်နှင့်အမေသည် ထိုလူအားမြင်တော့ ကားပေါ်မှအသဲသန်ဆင်းကာ

"ဦးချို အဖေရောဟင် အဖေ ဘယ်လောက်ထိတောင်ဖြစ်သွားတာလဲ အရမ်းဆိုးတာလားဟင် "

"ကိုချို ကျွန်မယောင်္ကျား အခြေနေကောင်းတယ်မလား ဟင် ကိုချို ပြောပါအုံး"

ကျွန်တော်တို့သားအမိ စိုးရိမ်ကြီးစွာမေးသည်ကိုမဖြေဘဲ ဦးချိုက မျက်နှာ မကောင်းစွာဖြင့် အရေးပေါ်ဌာနသို့လိုက်ပို့လေသည်။

Sugar Daddy (Completed)Where stories live. Discover now