part 11(zawgyi +uni)

84.3K 7.6K 61
                                    

နေသစ်မာန်ရဲ့ အိမ်ထဲဝင်သွားကာ သူ့အိမ် သူ့ယာလို ဧည့်ခန်းထဲ ဝင်ထိုင်နေသော အလင်းကို သူရ ပေစောင်းစောင်းကြည့်ပြီး ပူကြူးအား အဝတ်လဲပေးနေသော နေသစ်မာန်ကို သွားခေါ်ရသည်။

"နေသစ် အောက်မှာ ဧည့်သည်ရောက်နေတယ်”

"ဧည့်သည်”

"အင်း ဟုတ်တယ် ပုံစံကလဲ ဒေါက်မကျိုးဘူး အရိုင်းစိုင်းတစ်ကောင်ပဲ”

သူရ၏ မဲ့ကာ ပြောသည့် စကားကြောင့် နေသစ်မာန်သည် ဘယ်သူဆိုတာ ရိပ်မိသွားသည်။

"သြော် ရောက်လာပြီလား”

သူ့ စိတ်များ အခုထိ လေးလံနေစဲပါ။ ကောင်လေးကို သူ ထွက်သွားခွင့် မပေးနိုင်သေးဘူး။ ဒါပေမယ့်.....။

အောက်ထပ်မှာတော့ ခေတ်နွေသည် မီးဖိုခန်းထဲက ဦးတိုး၏ ယနေ့ ချက်မည့် ဟင်းများကို စူးစမ်းကာ အရှေ့သို့ ထွက်လာလိုက်တော့ ဧည်ခန်း၌ ခြေချိတ်ထိုင်နေသည့် အလင်းကိုတွေ့ကာ မယုံနိုင်ဖြစ်ရသည်။

"အလင်း!! မဟုတ်သေးပါဘူး ဒီကောင် ပြည်မှမဟုတ်ဘူးလား ”

သူအမြင်များ မှားနေသလားဟု မျက်လုံးကိုပွတ်ကာ ပြန်ကြည့်တော့ အလင်းသည် သူ့ကိုမြင်တော့ မျက်လုံးများ အရောင်တောက်ကာ ပြုံးသွားသည်။ ပြီးတော့ ထရပ်လိုက်ကာ

"ခေတ်နွေ! ! ဟားဟား ”

ကျွန်တော့် နာမည်ကိုခေါ်ကာ ရယ်ပြီး ခြေလှမ်းကျဲများဖြင့် လျှောက်လာ၍ ကျွန်တော့်အား ဆွဲဖက်လိုက်သော အလင်းကြောင့် ကျွန်တော် ပြူးကြောင်သွားသည်။

"ဟင်းးးး  ငါသတိရနေတာမင်းကို”

သက်ပြင်းချကာ ကျွန်တော့်အား တင်းကျပ်စွာ ဖက်ထားသည့် ငနဲကောင်ကို ဘာပြောရမှန်းမသိ။ သူပြည်ကနေ ဘယ်လိုများ ဒီရောက်လာပါလိမ့်။

"အဟမ်း အဟမ်း သူများအိမ်မှာ လက်ရဲဇက်ရဲနဲ့”

လုပ်ချောင်းကိုအကျယ်ကြီးဆိုးကာ လှေကားမှ ရပ်၍ အလင်းအား စောင်းပြောသော သူရ။ အဲ့တော့မှ ခေတ်နွေက အလင်းကို တွန်းကာ လှည့်ကြည့်လိုက်သည်။

ဟင် ဦးမာန် ။

နေသစ်မာန်သည် ပူကြူးအား ချီထားရင်း ခေတ်နွေအား ပုံမှန်ထပ်ကြည်ငြိမ်နေသော အကြည့်တို့ဖြင့် ကြည့်နေသည်။ သူ့ပုံက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်လုံးများက စူးရဲလို့။ ခေတ်နွေ နေသစ်ရဲ့ အကြည့်တို့ကို ရှောင်ကာ မျက်နှာ လွှဲလိုက်ပြီး တစ်ဖန် ပူကြူးလေးကိုကြည့်ကာ

Sugar Daddy (Completed)Where stories live. Discover now