part 15(Zawgyi + uni)

83.4K 7.6K 320
                                    


"လူလေး စားလို့်မကောင်းဘူးလား ”

နံနက်စာ နန်းကြီးသုတ်အား တမျှင်ချင်းစားနေသည့် ခေတ်နွေကို ဦးတိုး မေးလိုက်သည်။

"ကောင်းပါတယ် ဘဘတိုး သားနည်းနည်းနေမကောင်းလို့ပါ”

ညက ကိစ္စတွေကြောင့် လူက နုံးနေပြီး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေလို့ စားချင်စိတ်မရှိတာကြောင့် တစ်မျှင်ချင်းသာစားနေမိသည်။ အားနာဟန်နှင့်မေးသည့် ဦးတိုးကို ကျွန်တော်ထိုသို့သာပြန်ဖြေခဲ့သည်။ အောက်ပိုင်းကလည်း မသက်မသာနဲ့ရယ် ။

"ညီ ကိုယ်နဲ့ခဏလောက် စကားပြောရအောင်”

သောက်လက်စကော်ဖီခွက်အား ချပြီး ပြောကာ ရှေ့မှ ထွက်သွားသော ဦးမာန်။ ခြံရှေ့၏ ခုံတန်းလေး၌ သူထိုင်လိုက်တော့ ကျွန်တော်လည်း ထိုင်လိုက်သည်။

"ကိုယ်အခုပြောမယ့် စကားကိုသေသေချာချာ နားထောင်စေချင်တယ်”

သက်ပြင်းကိုချကာ ကျွန်တော့်အား တည့်တည့်ကြည့်၍ ပြောသော ဦးမာန်ကို ကျွန်တော် စေ့စေ့မကြည့်ရဲပါ။

"ကိုယ် ဒီစကားပြောလိုက်လို့လဲ ညီ့ကို တစ်မျိုးမထင်စေချင်ဘူး ကိုယ် ညီ့ ပညာရေးကို တာဝန်ယူမယ် ပြီးတော့ ကိုယ့် company မှာ ညီနဲ့သင့်တော်မယ့် နေရာတစ်နေရာ ကိုယ်စီစဉ်ပေးမယ် ပြီးတော့ အခုလက်ရှိ ကိုယ် ညီ့ရဲ့ အမေကို ကွန်ဒိုတစ်ခုမှာ ထားပေးထားတယ် ”

ဦးမာန် စကားများကြောင့် ခေတ်နွေမျက်နှာသည် ဒေါသတို့ဖြင့် နီလာခဲ့သည်။

"ဘာလဲ ဒါ လျော်ကြေးလား ဦးမာန်”

ဟက်ခနဲရီကာ သူ့အား ခပ်စူးစူးကြည့်ပြီး ပြောလိုက်သည့် ခေတ်နွေစကားကို နေသစ်မာန် သက်ပြင်းချမိသည်။ ဒါကြောင့် သူအစကတည်းက ပြောခဲ့သားပဲ တစ်မျိုးမထင်စေချင်ဘူးလို့။

"မဟုတ်ပါဘူးကွာ ကိုယ်က”

"ဟက် မလိုပါဘူး ဦးမာန်ရဲ့ တစ်ညတာ မှားခဲ့တဲ့ အမှားလေးတစ်ခုအတွက်နဲ့ ကျွန်တော့် ဘဝကို ဦးမာန် ဝင်ရှုပ်ဖို့မလိုဘူးထင်တယ်”

ခေတ်နွေဘက်က ဘယ်လိုထင်သွားလဲတော့မသိ ။ နေသစ်မာန် ရည်ရွယ်ထားတာအခုလိုမဟုတ်ဘူးလေ။ ဝင်ရှုပ်တာ မဟုတ်ပါဘူး ။ပိုင်ဆိုင်ချင်တာ။ သူ့ဘဝကို ပိုင်လည်းပိုင်ချင်သလို သူ့ရဲ့ သက်ဆိုင်သူအဖြစ် ဆိုင်ချင်ခဲ့တာ။

Sugar Daddy (Completed)Where stories live. Discover now