part 34 (Zawgyi +uni)

77K 6K 270
                                    

ကျွန်တော် နိုးလာတော့ ခါးပေါ်မှာ ရစ်ပတ်ထားတဲ့ သူရဲ့ လက်တွေကို ဖွဖွထိကိုင်ကာ ပြုံးလိုက်သည်။ ထို့နောက် အိပ်ပျော်နေသည့် သူ့ မျက်နှာချောချောကို မော့ကြည့်ကာ မေးဖျားကို နမ်းလိုက်ရင်း ခါးပေါ်မှ သူ့လက်များကိုအသာဖယ်ကာ ရေချိုး ခန်းထဲသို့ သွားလိုက်သည်။

တစ်လှမ်းလျှောက်တိုင်း အောက်ပိုင်းမှ စူးခနဲ နာကျင်မှုက မျက်ရည်ပင်ဝဲစေသည်။ ရေချိုးခန်းမှန်ပေါ်မှ ကိုယ့်ပုံကိုယ်ကြည့်ကာ အရှက်သဲစွာပြုံး လိုက်မိသည်။ ရင်ဘတ်ပေါ်မှ ထင်ကျန်နေခဲ့သော အနီကွက်လေးများကို ထိကိုင်ရင်း ကြည်နူးစွာ ပြုံးမိပြန်သည်။ အခုဆို ကိုယ်နဲ့ သူဟာ ချစ်သူတွေဖြစ်သွားပြီ ။

ရေပန်းကိုဖွင့်ချကာ ညစ်ပေနေသမျှကို ဆေးကြောလိုက်တော့ ရေတွေနဲ့အတူပါလာသည် သွေးရောင်တွေကြောင့် ကျွန်တော့် အောက်ပိုင်းလေး ဆေးလိမ်းရအုံးမည်။ ကွဲသွားလား အက်သွားလား မသိပေမဲ့ သွေးထွက်ပြီး ကျိန်းဆက်နေတာ အမှန်ပဲ ။ အရင်တစ်ခါက မူးနေတာမို့ နာမှန်းမသိပေမဲ့ အခုတော့ အသိရှိချိန်မို့ အတော်နာသည်။ တော်ပြီ နောက်ဆို ဦးမာန်ကို သွားမစသင့်တော့ဘူး။ ဆပ်ပြာတိုက်နေရင်း ခေါင်းထဲဝင်လာတဲ့ အတွေးကြောင့် မျက်လုံးပြူးသွားသည်။ ကျွန်တော် အီးအီးပါရင် သေအောင်နာတော့မှာပေါ့နော် ။ ကြက်သီးထစွာဖြင့် ရေချိုးခြင်းကို အဆုံးသတ်ကာ ညစာကိုတော့ အရည်ပဲ သောက်တော့မည်ဟု တွေးလိုက်သည်။

ရေချိုးပြီး ဦးမာန်ရဲ့ ဗီဒိုထဲက င်္အကျီ တစ်ထည်ကိုယူဝတ်လိုက်သည်။ အောက်ကတော့ မဝတ်သေးဘူး ။ ဆေးလိမ်းရအုံးမယ်။ င်္အကျီဝတ် ခေါင်းသုတ်ပြီး မွေ့ယာထပ်၌ အိပ်မောကျနေသော သူကို နှိုးရန် ချည်းကပ်လိုက်သည်။ အိပ်နေလိုက်တာ အရင်ရက်တွေက မအိပ်ဘဲနေနေခဲ့တာလား။ သူ၏ နဖူးပြင်ကို နှုတ်ခမ်းဖြင့် ထိကပ်လိုက်တော့ အေးစက်စက် နှုတ်ခမ်းသားကြောင့် မျက်ခုံးလေးကြုံ့သွားကာ ကျွန်တော် နှစ်သက်သော နှုတ်ခမ်းလေးက ပြုံးသွားသည်။

" ထတော့လေ ၇နာရီတောင် ထိုးပြီ ညစာစားမယ် "

မျက်လုံး မဖွင့်ဘဲ ခေါင်းငြိမ့်ကာ ကျွန်တော့် လက်ကိုဆွဲပီး သူ့ ရင်ခွင်ထဲ သွင်းကာ သူ၏ ခြေထောက်များဖြင့် ညှပ်ထားပြန်သည်။

Sugar Daddy (Completed)Where stories live. Discover now