part 22(zawgyi +uni)

73.8K 6.5K 30
                                    

တစ်နေ့တစ်နေ့ ပင်ပန်းသည်က ညဘက်အိပ်ချိန်ရောက်မှာပဲ ပင်ပန်းမှုတွေကိုဖြေဖျောက်ရသည်။မနက်အစောကြီးထကျောင်းသွား ညနေပြန်လာရင် ခဏနားပြီး ဦးမာန်company ကိုသွား အလုပ်သင်။ ညဘက်ပြန်ရောက်ရင် ထမင်းစား စာကျက် ။ အလုပ်လုပ်ရတာထက်ကိုပင်ပန်းတယ်ဟုထင်မိသော်လည်း ကျွန်တော်ပျော်နေသည်။ ဦးမာန်က အိမ်အတွက် မီးငယ်ကိုအကုန်မှာထားသည် ။ စားဖို့သောက်ဖို့အပြင် အမေ့ကိုဂရုစိုက် ဆေးတိုက်ဖို့ကအစ...။ အမေလည်း ပြည့်ပြည့်စုံစုံနဲ့ အေးအေးချမ်းချမ်းနေရလို့ထင်ပါ့ မျက်နှာလေးကြည်လာသလို အရင်ကထက် ရွှင်ရွှင်ပြပြဖြစ်လာသည်။ တရားနာလိုက် ဆေးသောက်လိုက် ပူကြူးကိုထိန်းလိုက်နှင့် ပျော်နေပုံ။ ကျွန်တော်ကတော့ အားနာသတတ်အားနာလာသော်လည်း မတတ်နိုင် ။ ကိုယ်မှ အမေ့ကိုအခုလို မထားနိုင်သေးတာ။ ဒါကြောင့် ကျွန်တော်ကြိုးစားနေသည်။ ဦးမာန်က အလုပ်သင်ပေးရုံမက လစာပါပေးသေးသည်။ ကျွန်တော့်အကြောင်းသိလို့ထင်ပါရဲ့ ။ အလုပ်ကူလုပ်လို့ပြောပြီး လစာပေးတော့ အသုံးစရိတ်လေးရသည့်အပြင် အရင်ကထက်လည်း လက်ထဲမှာ ပိုလျှံနေသေးသည်။ ဘဝကဆန်းကြယ်၏။ နေ့ချင်းညချင်းကို ပြောင်းလဲသွားလိုက်တာများ....။ ဒါပေမဲ့....လောကမှာ ဘယ်အရာမှအလကားမရ။ အရာရာတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနှင့်အကျိုးမြတ်ဆိုတာပါမြဲပေ...။ အခု ဦးမာန် ကျွန်တော့်ဘဝကို သူရဲ့ ငွေကြေးများနှင့် ရင်းနှီးမြှုပ်နှံထားသည်။ သူ ရမယ့်အကျိုးအမြတ်ကလည်း ကျွန်တော့် ဘဝဖြစ်သည့်အတွက် ၊ ကျွန်တော် အခု လိုအပ်နေသည်မှာလဲ ငွေကြေးဖြစ်သည့်အတွက်......။ တခါခါ သူနဲ့ နီးနီးကပ်ကပ်ရှိသည့် အချိန်တွေမှာ ကျွန်တော့် ရင်ခုန်နှုန်းများမူမမှန်တာကို သတိထားမိသည်။ သူကျွန်တော့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား....တစ်ညတာရဲ့ မှားယွင်းမှုကြောင့်များလား ဆိုသည့် အတွေးများဖြင့် ခေါင်းထဲမှာရော ရင်ထဲမှာပါ ရှုပ်ထွေးနေသည်။ ကဲ...ဒါတွေထားပါ မနက်ကျောင်းပိတ်တာပဲဆိုပေမဲ့ ပူကြူးကခေါ်ထားသည်မို့ သွားရအုံးမယ် ။ အိပ်တာပဲကောင်းပါတယ်.....။ဦးမာန် ဒီညတော့ အိမ်မက်ထဲထိ လိုက်မနှောက်ယှက်နဲ့တော့....။

Sugar Daddy (Completed)Where stories live. Discover now