Extra (Z + U)

75.9K 4.8K 66
                                    


ကြယ်ရောင် လရောင် ကင်း၍ အမှောင်အတိဖြစ်ကာ မဟူရာရောင်တောက်နေသည့် ကောင်းကင်ကြီးအား ကျွန်တော် ငေးကြည့်ရင်း ပြတင်းပေါက်မှ တိုးဝေ့လာသော လေပြေများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ထိခတ် တိုက်ခတ်သွားသည်။ ဒီဇင်ဘာည၏ ဆောင်းလေပြေသည် အေးစိမ့်စိမ့်ရှိလှသည်မို့ အငွေ့ထောင်းထောင်းထနေသည့် ကော်ဖီအား ယူလိုက်ရင်း ခါးသက်သက်အရသာလေးကို လျှာဖျား၌အရသာခံသာ သောက်သုံးနေမိသည်။ မဟူရာရောင် ကောင်းကင်အား အကြောင်းပြချက်မရှိ ငေးကြည့်ရင်း အေးစိမ့်စိမ့်လေညှင်းနှင့် ကော်ဖီပူပူလေးသောက်ရသည့် ခံစားချက်မှာ အင်းးးး တစ်မျိုးလေးပင်...။

" ငယ် အေးတယ်လေ "

ခပ်သြသြအသံလေးနှင့်အတူ ကျွန်တော့်ခါးထက်ရစ်ပတ်လာသည့် သူ၏လက်များက နွေးထွေး၍နေသည်။

"ကြည့်စမ်း နားရွက်တွေတောင်အေးနေပြီ ဒီမှာ ဘာရပ်လုပ်နေတာလဲ "

အေးစက်နေသည့် ကျွန်တော့် နားရွက်ထိပ်အား သူ၏နှုတ်ခမ်းနွေးနွေးတို့ဖြင့် တို့ထိ၍ ဆူပူသလိုလေးဆိုသည့် သူ့စကားကို ကျွန်တော်သဘောကျစွာ ပြုံးမိ၏။

" ကော်ဖီသောက်နေတာပါ ဦးရဲ့ "

" ကျစ်! အိပ်ခါနီးနေပြီကို ကော်ဖီတွေမသောက်နဲ့လို့ ကိုယ်ပြောထားတယ်လေ ပေး အဲ့ခွက် "

လေပြေအေးဖြင့် ဆူကာကျွန်တော့် လက်ထဲမှ ကိုင်ထားသည့် ကော်ဖီခွက်အား ဆွဲယူသွားလေသည်။

" သားသားရော အိပ်နေပြီလား "

" အင်း ခုနလေးတင် အိပ်သွားပြီ လာတော့ ငယ် ကိုယ်တို့လည်း အိပ်ကြမယ် ၁၁နာရီကျော်နေပြီ မနက် ကိုယ်တို့ အလုပ်စောစောသွားရမလား meeting ရှိတယ်လေ  "

"အင်းပါ "

"လာ သွားတိုက် ပြီး အိပ်ကြမယ် "

လက်ကိုဆွဲကာ သူခေါ်ဆောင်ကာ ရေချိုးခန်းဆီသို့ လိုက်ပါသွားရသည်။ သွားတိုက်ဆေးထည့်ပေး၍ သူ့ကိုပေးကာ နှစ်ဦးသားသွားတိုက် သန့်စင်ပြီးနောက် အိပ်ယာထဲသို့ ပြန်ဝင်လာသည်။ ကြီးမားသည့်ကုတင်ကြီးထပ်တွင် ဦးသည် ကျွန်တော့်အား ဖက်၍ သူ၏ရင်ခွင်အောက်သွင်းလေသည်။နွေးထွေးသည့် ဦးရဲ့ ကိုယ်ငွေ့က စောင်ထူထူကြီးတောင် မလိုပါ။ ကျွန်တော့်အတွက်တော့ အေးလွန်းသည့် ဆောင်းလတွေအတွက် စောင်ထူထူကြီးတွေမလို ဦးမာန်ရှိရင် ဆောင်းဟေမာန်ကို အံတုနိုင်သည်။

Sugar Daddy (Completed)Where stories live. Discover now