Part 37(Zawgyi + Uni)

72.3K 6.2K 230
                                    

ဂျပန်မှ ပြန်လာပြီးနောက်...........။

" သားရေ မေမေ ဘုရားရှိခိုးလိုက်အုံးမယ်နော် ရှေ့ ဝရံတာမှာ ဆီမီးလေးတွေ ထွန်းလိုက်ပါအုံး "

" ဟုတ်ကဲ့ "

ဒီနေ့သည် သီတင်းလပြည့်နေ့ဖြစ်သည်အတွက် အိမ်တိုင်းတွင်း ဆီမီးများထွန်း၍ မြတ်စွာဘုရားရှင်အား ပူဇော်ကြလေသည်။ ကျွန်တော်သည်လည်း ရှေ့ ဝရံတာမှာ ဆီမီးများ ထွန်းရင်း မီးရောင်စုံဖြင့် လှပနေသော လမ်းမထက်သို့ ငေးကြည့်မိသည်။ ဆိတ်ငြိမ်အေးချမ်း၍ တရားသံ လွင့်လွင့်က ရင်ကို အေး စိတ်ကိုချမ်းသာစေသည်။ အောက်သို့ ငုံ့ကြည့်လိုက်တော့ ကလေးငယ်များက အိုးခွက်သေးသေးလေးများဖြင့် ထမင်းဟင်း ချက်စားတိုင်းဆော့နေကြသည်။ ကျန်ကလေးများကတော့ ငရဲမီးဆော့နေကြသည်။ ပျော်ရွှင်စွာ ဆော့ကစားနေကြသည့် ကလေးငယ်များကိုကြည့်ရင်း ကျွန်တော်ပြုံးနေမိသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီ့ထက်ဆိုးသည်ကို။ ငယ်ဘဝကို ပြန်တွေးရင်း ဖေဖေ့ကိုလည်း လွမ်းမိပါသည်။ သက်ပြင်းရှည်ရှည်တစ်ခုကိုချလိုက်ရင်း ခပ်လှမ်းလှမ်းမှလာနေသည့်အဖြူရောင် ကားတစ်စီးအားတွေ့လိုက်သည်။  ထိုကားလေးသည် ကွန်ဒိုအောက်သို့ရောက်သော် ထိုးရပ်သွား၍ ကားထဲမှာ ဆင်းလာသည့်  ကျွန်တော့်ချစ်သူနှင့် ပုဆိုးလေးနဲ့ လည်ကတုံး င်္အကျီလေးကိုတွဲကာ ဝတ်ဆင်လာသည့် ပူကြူးပေါက်စကိုကြည့်ကာ ကျွန်တော် ရယ်လိုက်မိသည်။ ဦးက ဝရံတာမှာရပ်နေသည့် ကျွန်တော့်ကိုမော့ကြည့်ကာ ရယ် ပြသည်။ ထို့နောက် ကျွန်တော်သည် အိမ်ထဲသို့ ပြန်ဝင်ကာ တံခါးကို ကြိုဖွင့်၍ စော့င်ကြိုနေလိုက်သည်။ မကြာမှီမှာပင် ဦးက ပူကြူးလေးကို လက်ဆွဲကာ အထဲဝင်လိုက်တော့သည်။ ဦးသည် ကျွန်တော့် ဆံပင်များကို တစ်ချက်ဖွကာ ကြည်လင်သောမျက်နှာလေးဖြင့် ပြုံး၍

" မေမေရော ငယ် "

" ဘုရားခန်းထဲမှာ ခဏလေးစောင့် လာလေ ထိုင် "

လက်ထဲမှာ သစ်သီးခြင်းကြီးကို စားပွဲပေါ်တင်ကာ ဆိုဖာပေါ် ထိုင်လေသည်။ ဒီနေ့ ကျွန်တော့် ဦးသည် သိပ်ကို ခန့်ချောနေသည်မှာ အမှန်။ နီညိုရောင် ယောပုဆိုး အကွက်စိတ်ကို အပေါ်မှာ နီညိုရောင်ဖျော့သော လည်ကတုံးင်္အကျီလေးဖြင့် တွဲဝတ်ဆင်ထားသည်။ င်္အကျီလက်ကိုပင် ခေါက်တင်ထားခြင်းမရှိဘဲ ကြယ်သီး အပြည့်တပ်ထားလေသည်။ ဆံပင်များကို သပ်ရပ်စွာ ဖီးတင်ထားပြီး မျက်မှန် ကိုင်းအနက်လေးတပ်ထားသည်။ ဦး ပုံစံက သိပ်ပို ကျက်သရေရှိသည့် အမျိုးသားတစ်ဦးဖြစ်နေသည်။ နီညိုရောင် င်္အကျီ ပေါ်တွင် ထင်းနေသော အကြောစိမ်းများနှင့် လက်ချောင်းလေးများကို ကျွန်တော် သဘောကျစွာ ငေးကြည့်နေမိသည်။ ယောပုဆိုး အောက်တွင်ပေါ်နေသော ခြေချောင်း ဖြူဖြူတိုးကလည်း အစိမ်းရောင် သွေးကြောများ ယှက်ပြေးနေသည်။ စေ့ထားသော နှုတ်ခမ်းများ တစ်ချက်ပြုံးလိုက်တိုင်း ကြည်လင်နေသော မျက်နှာလေးကို ထင်းနေသည်။ ဒီယောင်္ကျားသည် ပြည့်စုံလွန်းလှသည်။

Sugar Daddy (Completed)Where stories live. Discover now