part 31(zawgyi +uni)

72K 6.2K 195
                                    


Ring...... Ring.....Ring....

" ဟဲလို အမေ "

" သားရယ် အလောတကြီးနဲ့ ပြေးထွက်သွားတာ ဘာဖြစ်တာလဲ အမေ စိတ်ပူလိုက်တာ "

အမေ့၏ စိုးရိမ်တကြီး မေးသည့် အသံကိုကြားလိုက်ရတော့ ခေတ်နွေ မျက်ရည်ဝဲကာ နေသစ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် အသံကိုထိန်းကာဖြင့်

" ဟို...ဦးမာန် ကားaccident ဖြစ်လို့ အမေ အဲ့ဒါ သားအခု ဆေးရုံမှာ "

" ဟယ် ဘုရားရေ စိုးရိမ်ရလားသား ဘယ်လိုဖြစ်တာလဲကွယ်"

"အခုတော့ စိုးရိမ်ရတဲ့ အခြေနေကနေကျော်သွားပြီတဲ့ သားဒီည ဦးမာန်ကိုစောင့်ပေးလိုက်မယ်နော် ပြန်မလာတော့ဘူး သူအခုထိ မေ့ဆေးအရှိန်မ​ပြယ်သေးဘူး အမေ  ပြီးတော့လေ ပူကြူးလေးကို ခေါ်ထားပေးပါအုံးနော်  "

"အင်းပါ အင်းပါ သားရယ် သေချာလေးဂရုစိုက်ပေးလိုက်အုံး"

" ဟုတ် ဒါပဲနော် အမေ"

ခေတ်နွေဖုန်းချလိုက်ပြီး နေသစ်ကိုကြည့်ကာ ရင်ထဲမကောင်း ။ ပတ်တီးဖြူဖြူနဲ့ ဒဏ်ရာများကို တစ်ခုချင်းစီ ခပ်ဖွဖွ တို့ထိနေမိတုန်း....နေသစ်၏ မှိတ်ထားသော မျက်လုံး အိမ်တို့က လှုပ်ခပ်လာလေသည်။ လက်ချောင်းလေးတို့ကလည်း လှုပ်ရှားလာသည်ကို မြင်လျှင် ခေတ်နွေ ဝမ်းသာအားရဖြင့်

" ဦးမာန် ဦးမာန် ကြားရလား ဦးမာန် ကျနော်လေ ကျနော့်ကို မြင်လားဟင် ဦးမာန် "

နေသစ်သည် မျက်လုံးဖွင့် လို့ရရခြင်းမှာပဲ မျက်လုံး သားငယ်အိမ်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အနည်းငယ် ပြူးကျယ်သွားသည် ။ နှုတ်ခမ်းတို့က ပွင့်ဟလျက် တစ်ခုခုကို ပြောချင်နေဟန်ရှိသည်။

" ဦးမာန် ဘာဖြစ်လို့လဲဟင် ဘာပြောမို့လဲ"

စကားပြောရန် အားယူပြီးမှ ညီ့ အသံကြောင့် ကျွန်တော့်၏ တုန်လှုပ် ခြောက်ခြားမှုများကို ကျွန်တော် အတင်း ပြန်၍တည်ငြိမ်လိုက်သည် ။

" သား...သား.."

" အင်း ပူကြူးကို ကိုသူရပြန်ခေါ်လာပါပြီ ကျွန်တော်မေမေနဲ့ ပို့ထားခိုင်းထားတယ် စိတ်မပူနဲ့နော် အခု ဦးမာန် ဘယ်လိုနေလဲဟင် သက်သာရဲ့လား နေဦး ကျွန်တော် ဆရာဝန်သွားခေါ်အုံးမယ်"

Sugar Daddy (Completed)Where stories live. Discover now