part 32(zawgyi +uni)

76.6K 6.2K 280
                                    

အချိန်အားဖြင့် ၁၀ ရက်ကျော်သွားလေပြီ ။ ဦးမာန်ကို ကျွန်တော် ဆေးရုံက ပြန်လာပြီးကတည်းက သူနဲ့မတွေ့ဖြစ်ကြတော့ နောက်ရက်များတွင် ကျွန်တော်final exam ကို အကြောင်းပြကာ သူသည် ကျွန်တော့်ကို အတွေ့မခံတော့။ စာကိုသာ သေချာအာရုံစိုက်ပြီး ကျက်ပါ ဟူ၍ တဖွဖွပြောပြီး သူ့အား အတွေ့မခံပါ ။ ကျွန်တော် သူ့စကားကို ကြိတ်မှိတ်နားထောင်ပြီး သည်းခံကာ သူ့အား မတွေ့ဘဲ စာကိုသာ အိမ်၌ အာရုံအတင်းစိုက်ပြီး ကျက်နေရသည်။ညဘက်တွေမှာတော့ တစ်ခါ ဖုန်းဆက်၍ သူ့သက်သာကြောင်းနှင့် စာကြိုးစားပါဟုပြောကာ ဖုန်းချသွားတတ်သည်။ ကျွန်တော့်မှာ အလွမ်းတွေကို ကြိတ်မှတ် သည်းခံနေခဲ့ရသည်။  အခုတော့စာမေးပွဲပီးသွားခဲ့ပြီ။  စာမေးပွဲပြီးပြီးချင်းမှာပဲ သူ့အားတွေ့ရန် အကြောင်းမ​ပြောဘဲ ရင်ခုန်စွာ သူ့ဆီ လာခဲ့မိသည်။ သူနဲ့တွေ့ရင်ဟူသော အတွေးများနဲ့တင် ရင်ကတလှပ်လှပ်တုန်ရီနေပြီ ။ ခြံရှေ့ရောက်တော့အထဲကို လှမ်းကြည့် မိရာ အရင်လို ဘဘတိုးကို မတွေ့ရပါ ။ ခြံတံခါးကလည်း ပွင့်၍ နေသည်။ ကျွန်တော် အထဲကိုဝင်သွားကြည့်တော့ ရပ်ထားသည့် ကိုသူရကားကိုတွေ့လိုက်ရသည်။ ကိုသူရလည်း ရောက်နေတာကို။ အိမိထဲရောက်တော့လည်း အရင်နဲ့မတူ တိတ်ဆိတ်၍ နေသည် နာရီကြည့်လိုက်တော့ ပူကြူးကကျောင်းမှာပဲရှိအုံးမည်။ အပေါ်မှာများလား ။ ကျွန်တော် အပေါ်ထပ်သို့ တက်သွားကာ လှေကားထောင့်ချိုးရောက်တော့ ဘဘတိုးနဲ့ ကိုသူရ၏ စကားသံသဲ့သဲ့ကို ကြားလိုက်ရသည်။

"မောင်နေသစ်ကို ကြည့်ပြီး စိတ်မကောင်းလိုက်တာ မောင်သူရရယ် "

" သူ ကျွန်တော်တို့ ရှေ့မှာမို့ အဆင်ပြေသလိုနေနေတာ ဦးတိုး စိတ်မပူပါနဲ့ ကျွန်တော် သူ့မျက်စိတွေ ပြန်မြင်အောင် လုပ်ပေးမှာပါ ကျွန်တော် နိုင်ငံခြားက ဆရာဝန်တစ်ယောက်နဲ့ ချိတ်ထားပြီးသွားပြီ သူ့မျက်စိတွေ သေချာပေါက် ပြန်မြင်လာမှာပါ ကျွန်တော်တို့ ကြိုးစားကြတာပေါ့"

" အင်း သူ့မှာ ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့ရတော့ ခါလွန်လေးပို သားအရင်းလို့ ချစ်ရှာတာ အခုတော့ သွေးသားရင်းဖြစ်တဲ့ အစ်မကြောင့် မျက်စိကွယ်ခဲ့ရပြီ သူ့ဘဝကလည်းကွာ အခု ခေတ်နွေလေးနဲ့လည်း အဆက်သွယ် ဖြတ်ထားတယ်လေ သူပိုခံစားနေရမှာပဲ "

Sugar Daddy (Completed)Where stories live. Discover now