part38 (Zawgyi +uni)

67K 5.7K 54
                                    

တိတ်ဆိတ်လွန်းသော ထိုအခြေနေကို ခေတ်နွေ စတင် ဖယ်ရှားလိုက်သည်။ အမေ့သည် ဘာမှ ပြန်မပြောဘဲကြည့်နေသကဲ့သို့ နေသစ်သည်လည်း အသနားခံသော မျက်နှာဖြင့် အမေ့အား ပြန်ကြည့်နေသည် ။ ခေတ်နွေ ကြားထဲမှ အနေခက်လာတာကြောင့် အဓိပ္ပါယ်မရှိကျယ်လောင်စွာ အော်ရယ်လိုက်ရင်း

" အဟားဟား ဟားးး  ဦးမာန်က အမေ့ကို စတာပဲ ဟားဟား ဘာတွေ လျှောက်ပြောနေတာလဲ ပေးပေး မေ သူမယူရင် သားယူမှာပေါ့ ။ ဦးမာန်က ရုပ်တည်ကြီးနဲ့ နောက်တတ်တယ် ဟားဟား "

ခေတ်နွေရယ်နေသော်လည်း နေသစ်သည် တည်နေသလို အမေကလည်း ပြုံးရုံလေးသာပြုံးပါသည်။

" သားတို့ ထမင်းစားပြီးပြီလား "

" ဟုတ်ပြီးပါပြီ "

အမေ့၏ စကားလမ်းကြောင်းလွှဲလိုက်ပုံကို နေသစ်က လိုက်လျောညီထွေစွာ ပြန်ပြောသည်။

" လာ သားသား ဖွားနဲ့ ပူတင်းသွားစားရအောင် သားတို့ စကားပြောနှင့်ကြပေါ့ "

ခါလွန်လေးကို လက်ဆွဲကာ ထမင်းစားခန်းသို့ ဝင်သွားသည့် အမေကိုကြည့်ကာ ခေတ်နွေ မသိသာလေး သက်ပြင်းချလေသည်။

" ကိုယ်နဲ့ စကားပြောရအောင် ကားထဲလိုက်ခဲ့ "

အေးစက်စက် စကားသံနှင့်အတူ သူသည် ဦးစွာထရပ်၍ ထွက်သွားလေသည်။ သေချာတာတော့ ဦးမာန် စိတ်ဆိုးနေပြီ။

ခေတ်နွေလည်း နောက်မှ ခပ်ကုတ်ကုတ်လေးလိုက်သွားသည်။ ကားထဲရောက်တဲ့ အထိ နေသစ်သည် ဘာစကားမှမပြောဘဲ ငြိမ်နေတာကြောင့် ခေတ်နွေ နေသစ်အား မဝံ့မရဲကြည့်၍

" ဟို   စိတ်ဆိုးသွားတာလား "

ခေတ်နွေ စကားကို နေသစ် ပြန်မပြေဘဲ တပ်ထားသည့် မျက်မှန်ကို ချွတ်ကာ ဘေးသို့ချထားလိုက်သည် ။ ထို့နောက် ညိုမှိုင်းသော မျက်ဝန်းတို့ဖြင့် ခေတ်နွေကိုကြည့်ကာ

" မဟုတ်ပါဘူး ကိုယ် စိတ်မကောင်းဖြစ်သွားတာပါ ငယ် အမေ့ကို ကိုယ်တို့အကြောင်း မသိစေချင်ဘူးထင်လို့ တကယ်တော့ ကိုယ် ဒီနေ့လာတာ အမေ့ကိုဖွင့်ပြောပြီး ငယ်နဲ့ လက်ထပ်ခွင့်တောင်းမလို့ "

Sugar Daddy (Completed)Where stories live. Discover now