part 13 (Zawgyi + Uni)

89.7K 7.4K 275
                                    

"ဒါနဲ့ ဘာလို့ ကျွန်တော့်ကို ဒီအခန်းပြတာလဲ”

၃ခွက်မြောက်ရှိပြီဖြစ်သော ဝိုင်အား မော့ပြီးလျှင် မေးသော ညီ့ကို ကျွန်တော် စိုက်ကြည့်မိသည်။လည်ပင်းထိစေ့နေသော ကြယ်သီး၂လုံးကိုဆွဲဖြုတ်ကာ င်္အကျီလက်ရှည်လေးကိုလည်း အနည်းငယ်ဆွဲတင်နေသည်။ အသားဖြူတဲ့သူဖြစ်တာကြောင့် ပါး၂ဖက်ကလည်း ဝိုင်ရှိန်ကြောင့် ခပ်ရဲရဲ။ ဝိုင်များနဲ့ စိုစွတိနေသည့် နှုတ်ခမ်းဖူးကလည်း အရောင်သွေးကြွစွာ။

"ဟင်လို့ ကျွန်တော်မေးနေတယ်လေ”

ပြန်ဖြေသံမကြား၍ အသံစောင့်ကာ မေးတော့ ကျွန်တော် ရယ်မိသည်။ ကလေးလေးကျနေတာပဲ။

"အင်း ဒီလိုပါပဲ ကိုယ့်အတွက်အရေးပါတဲ့လူကိုပြသင့်တယ်ထင်လို့”

"ဟင်းးးး ”

ကျွန်တော့်စကားကို ညီက ကြားရဲ့တောင်မသိ။ သက်ပြင်း ရှည်ကြီးချကာ ရီဝေဝေ မျက်လုံးတွေနဲ့ ကျွန်တော့်အား စိုက်ကြည့်နေသည်။ အင်းးးး ဆေးအရှိန်တက်လာပြီထင်ပါရဲ့။

" မူးနေပြီလား ညီ”

"ဟင့်အင်း”

" ဟုတ်ရဲ့လားကွ”

ကျွန်တော့်အား စိုက်ကြည့်ပြီး ခေါင်းခါသည့် ညီ့ကိုကြည့်ကာ ကျွန်တော် သဘောကျ၍ ရယ်ကာမေးတော့ ညီ့မျက်နှာသည် ချက်ချင်းတည်သွားသည်။

" ကျွန်တော် ဦးကိုနမ်းချင်တယ်”

မျက်နှာနားသို့ ရုတ်တရုပ်တိုးလာကာ  ခပ်တိုးတိုးပြောသည့် သူ့စကားကြောင့် ကျွန်တော့်ရင်တွေဗြောင်းဆန်ကုန်သည်။ ပြီးတော့ ပြုံးကာ တွေးမိသည်။ ဆေးအရှိန်တဖြည်းဖြည်းတက်လာပြီ။

"မပြုံးနဲ့ ”

ညီက ကျွန်တော့်နှုတ်ခမ်းများအား ခပ်ဖွဖွဆွဲကိုက်သည်။

"အ့ နာတယ် ညီရဲ့”

"အင်းးးး မရတော့ဘူး ”

ကျွန်တော့်စကားများကို သူကြားရဲ့လားမသိ ။ ကျွန်တော့် နှုတ်ခမ်းများကို အငမ်းများ နမ်းလာကာ သူ့င်္အကျီများကိုဆွဲချွတ်နေသည်။ ညီ့ပုံစံက ကြမ်းတမ်းပြီး အငမ်းမရ တောင်းတောင်းတတ ။

Sugar Daddy (Completed)Where stories live. Discover now