part 9(zawgyi +uni)

83.7K 7.4K 430
                                    

"Daddy သားသား ဗိုက်ဆာတယ် "

ညနေ 6နာရီတွင် အိပ်ရာမှ နိုးလာတဲ့ ခါလွန်လေးသည် အခန်းထဲတွင် အလုပ်လုပ်နေသော နေသစ်မာန်၏ ပေါင်ပေါ်သို့ တက်ပြီး အိပ်ချင်မူးတူးဖြင့်ပြောလေသည်။

"သားလေးနိုးပြီလား ဗိုက်ဆာရင် ညစာစားကြတာပေါ့ နော်"

"ဟင့်အင်း မစားချင်ဘူး "

"ဟင် သားသားက ဘာစားချင်တာတုန်း"

အိပ်ယာနိုးခါစမို့ ပူကြူးလေးသည် နည်းနည်းဂျစ်ကျချင်နေသည်။

"ကြက်ကြော်စားချင်တာ "

"ထမင်းစားချိန်လေ သားသားရဲ့ "

နေသစ်မာန် ပူကြူးလေး၏ ဆံပင်လေးများကို သပ်ကာ ချော့ပြောသော်လည်း ဂျစ်ကောင်လေးက ဂျီပြီ။

"ဟင့်အင်း မရဘူး ကြက်ကြော်ပဲ ကြက်ကြော် "

မျက်ရည်လေးများဝိုင်းကာ အော်တော့သည်။ တကယ့် အဆိုးလေး။

"ကဲပါ ကဲပါ အဲ့ဒါဆိုလည်း လာ KFC ကိုသွားကြတာပေါ့"

ပြောမရတဲ့အဆုံး အလိုလိုက်ရသည်မှာ နေသစ်မာန်ပင်။ လိုချင်တာရတော့ ခါလွန်လေးရဲ့ မျက်နှာက ချက်ချင်းပင် ဝင်းပသွားကာ လူပေါ်မှပြေးဆင်းသည်။

"သား အဲ့ဒါဘယ်လဲ င်္အကျီလဲမယ်လေ"

"ကိုကို့ကိုသွားခေါ်မလို့ပါ daddy ရဲ့"

ခါလွန်လေးစကားကြောင့် နေသစ်မာန်ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။

............

"ဒေါက်...ဒေါက်.."

"ကိုကိုရေ ကိုကိုရေ ကိုကို"

တံခါးကို ၂ချက်ခေါက်ကာ အခန်းရှေ့မှ အသံပြဲဖြင့်အော်နေသော ခါလွန်လေး။

"လာပါပြီဗျာ "

အခန်းထဲမှ ခေတ်နွေသည် ကဗျာကယာဖြင့် ပြေးကာ တံခါးဖွင့်ရသည်။

"ဘာဖြစ်လို့လဲ သားသားရဲ့"

"သားသားတို့ ကြက်ကြော်သွားစားမလို့ အဲ့ဒါကိုကို့ကိုလာခေါ်တာ"

ဘောင်းဘီ အပြာရောင်လေးနှင့် အဖြူရောင် င်္အကျီလက်ရှည်လေးဝတ်ထားသည့် ခါလွန်မှာ လုံးလုံးလေးနှင့် ချစ်ဖို့ကောင်းသည်။ စကားပြောလိုက်တိုင်း လှုပ်ခါသွားသော ပါးဖောင်းဖောင်းလေးတွေကလည်း အသက်။

Sugar Daddy (Completed)Where stories live. Discover now