ခွန်းအဂ္ဂ

8.2K 250 5
                                    

သာယာကြွယ်ဝတဲ့ သာယာဝတီ တိုင်းပြည်
အရှင်မင်းသားမဟုတ်တဲ့ အရှင်မင်းသား
ဟုတ်ပါသည်

ခွန်းအဂ္ဂသည် ဆံပင်ရှည်ရှည် အမြဲတမ်းစည်းနှောင်ထားပြီး မျက်နှာသွယ်သွယ် နှုတ်ခမ်းပါးပါး မျက်ခုံးမွှေးထူထူ အရပ်အမောင်း ရှည်ရှည်ဖြစ်သောကြောင့် မသိသူများက ယောက်ျားလေးဟုသာ ထင်တတ်ကြသည်
အမြဲတမ်း ပြုံးရယ်မှုနည်းသောကြောင့် ပိုပြီးတည်ငြိမ်သောအသွင်ဆောင်သည်
တော်ယုံ မည်သူမျှ သူနဲ့စကားမပြောရဲ

ခွန်းအဂ္ဂ ဟုခေါ်သောမင်းသမီးတစ်ပါးတိုင်းပြည်မှာ မွေးဖွားလာသောနေ့မှစ လိုချင်တာမှန်သမျှ ရနေသောကြောင့် ဘဝင်မြင့်ရောဂါ ဝင်နေသောမင်းသားမဟုတ်တဲ့မင်းသားလေးပါ
လေးအတတ်၊ လှံအတတ်၊ ဓားရေး ပြောစရာမရှိအောင် ကျွမ်းကျင်သူမို့ အိမ်ရှေ့မင်းသား အကိုတော် ခွန်းသက္က
ထက် သြဇာညောင်းသူ

ခွန်းသက္က
~~~~~~~~~~~~~~

ခွန်းအဂ္ဂနှင့်အမွှာလို့ထင်မှတ်ရလောက်အောင်ရုပ်ဆင်သောကြောင့် သမီးတော်ဟု ခဏခဏအခေါ်ခံရသော ခွန်းသက္က

ညီမတော်ဖြစ်သူကရဲရင့်သလောက် အကိုတော်ဖြစ်သူမှာ စာပေကျမ်းဂမ်တွေလိုက်စားသော စာဂျပိုး

~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘာလဲဟာ" ကန်ရေပြင်ကို ခဲနဲ့ပေါက်ရင်း ခွန်းအလိုမကျဖြစ်နေသည်

သူ့အနောက်က စားပွဲတွင် အချိုပွဲအစုံအလင်ဖြစ် မုန့်စားနေသော အကိုတော် သက္က

"ဘာဖြစ်တာလဲဟ" ခွန်းအလိုမကျဖြစ်သည်ကို သိသောကြောင့် သက္ကပြန်မေးလိုက်သောစကား

"အကိုတော် နင်မသိဘူးလား" စိတ်တိုတိုဖြစ် အကိုတော်ဘက်လှည့်ကာ ရန်တွေ့မိနေသည်

"ငါ ဒီမှာစစ်ရေးလေ့ကျင့်နေတာလေ နင်သိတယ်မလား အခုခမည်းတော်က ငါ့ကို တိုင်းတပါးပို့မယ်တဲ့ ငါက စစ်ရေးသွားလေ့ကျင့်ပေးရမယ်တဲ့ ငါတို့တိုင်းပြည်ကို ထောက်ပံ့ပေးနေတဲ့ ယက္ခဝတီမြို့ကိုလေ" ခဲကိုသာ မဲပြီး ပေါက်နေမိသည်

***စိတ်တိုလိုက်တာကွာ*****
(တိုင်းပြည်နာမည်တွေက စိတ်ကူးသက်သက်ပါနော်)

ခွန်းရဲ့ မုန်း (Complete)Où les histoires vivent. Découvrez maintenant