နယ်စပ်

2K 145 1
                                    

မုန်းပြေးထွက်သွားတာမြင်သောကြောင့် ခွန်း မုန်းနောက်လိုက်ခဲ့သည်

မုန်း ကန်ဘေးနားကပေါက်နေသောပန်းခလေးတွေကို လှည့်ပတ်ကြည့်နေသည်

"ဒေဝီ ဒီလိုတစ်ယောက်တည်းထွက်သွားလို့မကောင်းဘူးလေ အနည်းဆုံးတော့အဖော်တစ်ယောက်ခေါ်သွားသင့်တယ်"

မုန်းအသံလာရာဆီကိုကြည့်လိုက်တော့ ချပ်ဝတ်တန်ဆာအပြည့်နဲ့ခွန်း

ဆံပင်ရှည်ကို ဖြန့်ထားသောကြောင့် တမျိုးကြည့်ကောင်းနေသည်

မုန်း ခွန်းကို ပြုံးလိုက်ကာ
"တစ်ယောက်တည်းနေရတာ ကျင့်သားရနေလို့ပါ"

ခွန်း သူ့ကိုပြုံးပြနေသော မုန်းကို ငေးကြည့်နေမိသည်
*** ချစ်ဖို့ကောင်းလိုက်တာကွာ***

"မုန်းကစစ်သူကြီးအတွက် တာဝန်မပိုစေရပါဘူး စိတ်ချပါ" မုန်းပြောလိုက်သောစကားက ခွန်းကိုတွေးစရာဖြစ်သွားစေသည်

***ဟင် စိတ်ပူလို့ပြောတာကို တာဝန်ပိုတယ်ဆိုတာ ဘာကိုပြောတာလဲ***

ခွန်းခေါင်းကုတ်လိုက်ကာ

"တာဝန်ပိုတယ်လိုမဆိုလိုပါဘူး စိတ်ပူလို့ပါ"

ခွန်းပြောလိုက်သောစကားကြောင့် မုန်းခွန်းမျက်နှာကို သေချာကြည့်လိုက်မိသည်

စိတ်ပူတယ် ဆိုတဲ့စကားကို အားယူပြောရသောပုံပေါက်နေပြီး တကယ်စိတ်မကောင်းဖြစ်သွားသောပုံပေါက်သောကြောင့်

" စိတ်ပူတာလား စစ်သူကြီးကို အလုပ်ပိုစေမှာ စိုးရိမ်တာပါ တောင်းပန်ပါတယ်နော်ခွန်း"

မုန်းပြောလိုက်သောစကားကြောင့် ခွန်းတချက်တောင့်သလိုဖြစ်သွားသည်

***ဟာ ခွန်းတဲ့ ငါ့နာမည်ခေါ်လိုက်ပြီ ပျော်လိုက်တာ ဟီး****
ခွန်းမျက်နှာတခုလုံးရဲတက်လာကာ
"ဒေဝီ ရေချိုးမယ်ဆို ရေခပ်ပေးမယ်နော် ယာယီရေချိုးတဲမှာပဲ စောင့်နေပါ"

ခွန်းပြောပြောဆိုဆို ယာယီတဲဆီကို ထွက်သွားသည်

ထွက်သွားသော ခွန်းကျောပြင်ကို လှမ်းကြည့်ကာ

"ဘာလဲဟာ သူပဲစိတ်ပူပြီး တစ်ယောက်တည်းထားခဲ့တယ် ခွန်းမတရားဘူး ဟွန့်" နှုတ်ခမ်း ထော်လိုက်ကာ အပြစ်မရှိ အပင်တွေပဲ ဆွဲဆိတ်ပစ်လိုက်သည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now