နန်းတော်ပြန်ရောက်ခြင်း

1.7K 88 0
                                    

တပတ်ခန့်ကြာတော့ ခွန်းဒဏ်ရာ သက်သာလာတာမို့ ပြန်ရန် ပြင်ဆင်ကြသည်

အတက်ကြွဆုံးက မုန်း 
နန္ဒီ နဲ့ နံ့သာမှာ မသာမယာဖြစ်နေကြသည် အနေစိမ်းတဲ့နေရာ ဖြစ်သည်က တစ်ကြောင်းရယ်
သူတို့ နဲ့ ရန်စရှိတဲ့တိုင်းပြည်ဖြစ်တာကတစ်ကြောင်းရယ်

မှိုင်နေသော နန္ဒီနဲ့ နံ့သာကို ခွန်း ပုခုံးတဖက်ဆီ ဖက်ထားရင်း

"စိတ်မပူနဲ့ ဒီဒီနဲ့သာသာရ ခွန်းတစ်ယောက်လုံးရှိတာပဲ အသက်နဲ့လဲပြီးကာကွယ်သွားမှာမလို့ ဘယ်လိုအန္တာရယ်မှ မဖြစ်စေရဘူး စိတ်ချ
ပြီးတော့လည်း ယက္ခပြည်မှာ ခဏပဲနေမှာပါ သာယာဝတီကို ပြန်မှာမလို့ ခဏလေးသည်းခံပေးပါနော်" ခွန်းအားပေးစကားပြောသောကြောင့် နှစ်ယောက်စလုံးတက်ကြွလာသည်

နန္ဒီ သက်ပြင်းချလိုက်ပြီး
" သာယာဝတီ ရဲ့ ဘုရင်မင်းမြတ်ကို ယောက္ခမတော်ရလိမ့်မယ်လို့ တခါမှတောင်မတွေးမိဘူး အဲ့လိုမှန်းသိအရင်က ချိုချိုသာသာဆက်ဆံခဲ့ပါတယ်" နန္ဒီ အပြောကြောင့် နံ့သာ ပြုံးလိုက်ကာ

"သာသာနဲ့တော့ တည့်ပါတယ် သာသာက သာယာဝတီဆိုရင်အဆင်ပြေတယ်ပြီးတော့ အပျိုတော် ဥမ္မာကိုတောင် သတိယသွားတယ်"
မေးထောက်ပြီးပြောနေသော နံ့သာ

ခွန်း တအံ့တသြဖြင့်
"သာသာက ဥမ္မာနဲ့ ရင်းနှီးတာလား"
နံ့သာခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ်ကိုကို ဥမ္မာနဲ့က အရမ်းခင်တာ လာလည်တိုင်း သူက နန်းတော်နေရာစုံလိုက်ပို့တယ် ကိုကိုတို့ အဆောင်ဘက်ကလွဲရင်ပေါ့"

***ဟုတ်တာပေါ့ သူနဲ့ သက္က အဆောင်က ဗရုတ်သုတ်ခ အဆောင်***
တော်ယုံအပျိုတော်ဝင်မလာရဲကြ

ခွန်းရယ်ကျဲကျဲလုပ်လိုက်ကာ
"အဟဲ ဟုတ်တယ် အဲ့မှာက  ကိုကိုတို့အဆောင်ကို အပျိုတော်ဝင်ခွင့်မပေးဘူး" ခွန်းအဖြေကြောင့် နံ့သာ အံ့သြသွားကာ
"ဟင် ကိုကိုက မိန်းခလေးပဲကို မိန်းခလေးမဝင်ရဘူးဆိုတော့ ဘာဖြစ်လို့လဲဟင်"
နံ့သာအမေးကြောင့် ခွန်းဖြေရခက်သွားသည်

"အဲ့ဒါက ဟိုရောက်ရင်သိလိမ့်မယ် ခုတော့မသိချင်နဲ့ကွာ အဟဲ"

ခွန်းရယ်ကျဲကျဲလုပ်နေတဲ့ပုံက မျက်စောင်းဝိုင်းထိုးရင်း နံ့သာ နှုတ်ခမ်းကိုက်ထားလိုက်သည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now