နန်းတော်ပြန်ရခြင်း

2.2K 93 10
                                    

ခွန်း စိတ်လွတ် လက်လွတ်လုပ်ပြီးချိန် မျော့မျော့လေး ကျန်တဲ့နံ့သာ
ခွန်း ရင်ခွင်ထဲမှ မျက်ရည်ဝဲလာတဲ့မျက်ဝန်းအစုံနဲ့မော့ကြည့်ရင်း
"ကိုကို အရမ်းကြမ်းတာပဲ ဘယ်နားအသက်ရှုရမှန်းတောင်မသိတော့ဘူး သိရဲ့လား"
ခွန်း သူ့ရင်ခွင်ထဲကကောင်မလေးကို ငုတ်ကြည့်ရင်း ဖွဖွလေး နမ်းလိုက်ကာ
"နောက်တခါ မလုပ်တော့ဘူးနော်ခလေး"
ခွန်းအဲ့လိုပြောပြန်တော့လည်း အလိုမကျသော နံ့သာ
"ဘယ်သူကမလုပ်နဲ့ပြောလို့လဲ ကိုကိုကမလုပ်ရရင် သာသာကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ" နံ့သာ အရွယ်နဲ့မလိုက်အောင် တွေးတတ်ပုံကို သဘောကျသောကြောင့် ခွန်းတကယ်ပြုံးရသည်

ခွန်းပြုံးနေတာမြင်တော့ သူမ ရှက်ကိုး ရှက်ကန်းဖြင့် ခွန်းရင်ခွင်ထဲ တိုးလို့သာ ဝင်ခဲ့သည်

ခွန်း နံ့သာရဲ့ ပါးလေးဖွဖွလေးနမ်းပြီး
"သာသာ ကိုကိုထမှဖြစ်တော့မယ် အောင်ပွဲခံတဲ့အစီအစဉ်သွားချင်သေးတယ်"
ခွန်းပြောလိုက်သောစကားကြောင့်
နံ့သာ လည်း လူးလဲထလာကာ
"ဟုတ်ကိုကို" ချက်ချင်းထပြီး အဝတ်အစားပြန်ဝတ်နေသည်

ခွန်း နံ့သာကို အင်္ကျီယူခိုင်းခဲ့ပြီး ပေါင်က ဒဏ်ရာကိုပြန်စည်းလိုက်သည်

ဒဏ်ရာပြန်စည်းနိုင်ရင် ကူညီပေးသော နံ့သာမှာ မျက်ရည်စီးကျလာပြီး ခွန်းပါးကို တချက်တချက်လာလာနမ်းသည်

ခွန်း အောင်ပွဲခံတဲ့ပွဲဆီထွက်ခဲ့သည်
သူ့အနောက်က နံ့သာ ဆေးပုလင်းအဆင်သင့် ကိုင်လာခဲ့သည် ယူမလာဖို့ပြောလည်း အတင်းယူလာသည်မို့ ခွန်းဘာမှမပြောတော့

ခွန်းပွဲဆီမှ ဆူဆူညံညံအသံကြောင့် ဦးစီးမှူးကိုလိုက်ရှာမိသည်

သူတွေ့ရသည်မှာ မုန်းနဲ့ နန္ဒီ တပ်မှူးအချို့နဲ့ စကားလက်ဆုံကျနေသည်

နှစ်ယောက်သား ရယ်လိုက်မောလိုက်ဖြစ် စကားပြောနေကြသည်
ခွန်းဝင်လာသည်ကိုမမြင်ကြ

ခွန်း ဦးစီးမှူးကိုမြင်တော့ သူ့ဆီလျှောက်လာကာ အသံတိုးဖို့ပြောခိုင်းသည်

တချို့ တပ်သားများ ခွန်းကို မြင်သောကြောင့် အသံတိတ်သွားသည် မမြင်သော သူများ အခုထိ အော်ဟစ်နေသောကြောင့် အသံတိတ်ရန် ပြောခြင်းဖြစ်သည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now