နီးစပ်ခြင်း 3

2K 157 0
                                    

သူတို့နှစ်ယောက်ကြည်နူးလို့ မဆုံးသေးခင်
" ခွန်းရေ မင်္ဂလာပါနော်" အပြေးအလွှားရောက်ချလာသော ကလျာ
ခွန်းကို ပြေးဖက်လိုက်သည်

ဘေးကမုန်းကိုမြင်သွားကြောင့်
"ဟင် မုန်း အစောကြီးပါလား ဘယ်တုန်းကရောက်နေတာလဲ" လူက ခွန်းကိုဖက်ထားတာ မလွှတ်

"ဟို  မကြာသေးပါဘူး ခုနကမှပါ အမတော်နဲ့ သိပ်မကွာဘူး " မုန်းပြောလိုက်သောစကားကြောင့်
အော် ဆိုပြီး ခွန်းကျောပြင်ကို ရင်ပတ်နဲ့အပ်ကာ ကလျာ စကား တတွတ်တွတ်ပြောနေမိသည်

"ညကလေ ကလျာအရမ်းလန့်သွားတာ ဟိုလူက ကလျာကိုဆွဲခေါ်တာ ကလျာကြောက်လိုက်တာ အရမ်းပဲ တော်သေးတယ် မုန်းကယ်လို့ ခွန်း ကလျာကို စိတ်ချပါနော် ကလျာ့ အပျိုစင် ဘဝကိုလေ ခွန်းကိုပဲပေးမှာသိလား ဘယ်သူ့ကိုအထိမခံဘူး အသေခံပစ်မှာသိလား"

ခွန်းမျက်လုံးပြူးသွားကာ
"ကလျာ ဘာတွေလျှောက်ပြောနေတာလဲ ခလေးရှေ့မှာ" ခွန်းမာန်လိုက်သောကြောင့်

ကလျာဝမ်းနည်းသွားကာ
"ခွန်းက ကလျာကိုအော်တယ် ဟင့် ဟင့် ဟင့် မခေါ်တော့ဘူး မခေါ်တော့ဘူး" အော်ငိုနေသောကလျာအသံကတော်တော်ကျယ်ျာပါပဲ

ခွန်းပြာယာခတ်သွားကာ

"ဟာ ကလျာ အဲ့လိုမဟုတ်ဘူးလေ တိတ်တိတ် မငိုနဲ့ အော်လိုက်တာမဟုတ်ပါဘူးကွာ ခလေးရှေ့မှာမပြောစေချင်လို့ပါ "

"ထားလိုက်ခွန်း ချော့မနေနဲ့ သူကအပိုလုပ်နေတာ"
အနောက်မှ ကျန်တဲ့အမတော်များရောက်လာကြသည်

ပဒုမ္မာပြောလိုက်သောစကားကြောင့် ကလျာ မျက်ရည်သုတ်လိုက်ကာ

"အမတော်နော် ဒီမှာတကယ်ဝမ်းနည်းသွားတာကို" တရှုတ်ရှုတ် မျက်ရည်သုတ်နေသော ကလျာ

ခွန်းခေါင်းကုတ်လာကာ မုန်းကိုလှမ်းကြည့်လိုက်သည်

မုန်းမျက်နှာ မဲနေသောကြောင့် ဘာဖြစ်လို့လဲဆိုပြီး ကို့ကိုကိုယ်ပြန်ကြည့် ကလျာလက်ကို ကိုင်ထားမိသော ခွန်း

ကမန်းကတန်း လက် လွှတ်ချလိုက်ကာ
မြှားပစ္စည်းကို ပြင်ဆင်နေလိုက်သည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now