ကြင်ယာတော်ရွေးပွဲနှင့် ပြိုင်ပွဲ

1.6K 96 10
                                    

နန္ဒီ သုဝဏ္ဏပြည်ရောက်လာသော်လည်း ခွန်းအရိပ်အယောင်မတွေ့
ဘုရင်မအဆောင်ဝင်ခွင့်ရရန်အမျိုးမျိုးကြိုးစားပေမဲ့အချည်းနှီးသာ
မောင်တော် ဝဏ္ဏဓားရေးကျင့်နေသည်ကိုသာ ကြည့်နေရသည်

အစောင့်အကြပ် အလွန်ထူထပ်သော ဘုရင်မအဆောင်ကို အနားတောင်အကပ်မခံသောကြောင့်

အပျိုတော်များရဲ့ စကားသံအရ ဘုရင်မရဲ့ အချစ်တော်ကို လူသိမခံသောအကြောင်းတဖြည်းဖြည်းသိလာရသည်

တနေ့တနေ့ ခွန်းမှာ လုပ်စရာများများမရှိ ဓားကို ဖုန်သုတ်လိုက်

အခန်းထဲဝင်လိုက် အပြင်ထွက်လိုက်

နဂိုကတည်းက အငြိမ်မနေတတ်သူပီပီ
ခြေတယားယားဖြစ်နေသည်မှာအမှန်

ခွန်းဘဝသည် အရှင်လတ်လတ် ငရဲကျလိုက် နတ်ပြည်တက်လိုက် ဖြစ်နေသူလိုဖြစ်နေသည်

သာယာဝတီဘက်မှလည်း ပြိုင်ပွဲရက်နဲ့တိုက်ပြီး ခွန်းကိုကယ်ဆယ်ရန်ပြင်ဆင်နေကြသည်

ထို့အပြင် ပြိုင်ပွဲအတွင်းဝင်ပြိုင်ရန် ဖိတ်ကြားခံရသောကြောင့် မဖြစ်မနေ ပြိုင်ရမဲ့အနေအထား

သာယာဝတီဘက်မှ ယခင်က ခွန်းဝင်ပြိုင်သော်လည်း အခု သက္ကကိုပြိုင်ခိုင်းလို့အဆင်မပြေဖြစ်ရပြန်သည်

စစ်သူကြီး ရန်ကြီးအောင်ကို ပြိုင်ပွဲဝင်ရန် စီစဉ်လိုက်ရသည်

ယက္ခပြည်ဘက်မှ သူရိန်
မိုးကောင်းကင်မှ ဝဏ္ဏ

တပ်မှူးအချို့ ပြိုင်ပွဲကိုဝင်လာကြသည်
လူအကန့်အသတ်မထားသောကြောင့် လူပေါင်းတရာတိတိ စာရင်းသွင်းလာကြသည်

ပြိုင်ပွဲမစခင် တရက်အလို
အမရာ ခွန်းဆီရောက်လာပြီးလက်မှာ လည်ပတ်တခု ကိုင်လာသည် ရွှေကြိုးနဲ့ချိတ်ဆက်ထားပြီး ရွှေရောင်တဝင်းဝင်း

တဖြည်းဖြည်း သူတို့နှစ်ဦး ရင်းနှီးလာသောကြောင့် ခွန်းအရင်ကထက်စကားပြောလာသည်

"ဒါကဘာလဲ အမရာ"

ခွန်းအမေးကိုမဖြေဘဲ အမရာပြုံးလိုက်ကာ "ဒါကလေ ခွန်းအတွက် ပန်းထိမ်သမားကိုပြောထားတာ ကြာပြီးခုမှရတော့တယ်"

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now