နယ်စပ်မြို့တော်

2K 151 0
                                    

ခွန်းအထောက်တော်ရဲ့ အကူအညီနဲ့ မြို့တွင်းအေးဆေး ဝင်လာခဲ့သည်

အကျဉ်းခန်းနဲ့အနီးဆုံးနေရာကိုရွေးကာ အခန်းငှားလိုက်သည်
ထိုနောက်တခြားခပ်ဝေးဝေးတခုမှာပြန်ငှားသည်

နောက်တနေ့ည လှုပ်ရှားမှာဖြစ်လို့ အထောက်တော်ကို အဆင်သင့် ပြင်ဆင်ထားရန် အမိန့်ပေးထားသည်

တနေကုန် မြို့ထဲမထွက်အခန်းအောင်းနေလိုက်သည်

မြို့တော်ဆိုသည့်အတိုင်း ညဘက်စည်ကားသောမြို့ဖြစ်သောကြောင့် ဈေးသည်အများအပြား

ခွန်း ညအမှောင်ကို အားကိုးပြီး အစီအစဉ်ချထားသည့်အတိုင်း မင်းသမီးအဆောင်ဘက်လှည့်ဝင်ခဲ့သည်
အကျဉ်းသားအခန်းကိုသေချာ မေးထားသောကြောင့် သီးသန့်ခွဲချုပ်ထားမှန်းသိရပြီးဖြစ်သည်

ခွန်းအမှောင်ရိပ်ခိုပြီး မှောင်နေသောအခန်းတခုထဲဝင်နေလိုက်သည်

သိပ်မကြာပါ ထိုအခန်းထဲ လူတစ်ဦးဝင်လာသည် မီးရောင်ကြောင့် လင်းလင်းချင်းချင်းဖြစ်သွားသည်

သူရောက်နေသည်မှာ မင်းသမီးရေချိုးဆောင်ဖြစ်နေသည်

**ဟိုက် သေပြီ ငါ့ကိုမိရင် အပြစ်ပိုကြီးတော့မယ်***

ခွန်းအသံမထွက်ဘဲ တိတ်တိတ်လေးမှောက်နေလိုက်သည်

အပြင်ဘက်ဆီမှ ခြေသံ ရေကန်ထဲဆင်းသွားသောအသံ

မင်းသမီးနန်းနန္ဒီမြသာ---------
တိုင်းပြည်အချို့ရဲ့ လက်ဆက်ရန် ကမ်းလှမ်းခံရပြီး ဒီနေ့အထိ အချစ်ဆိုတာ ခလေးကစားစရာလိုသဘောထားသူ
မိုးကောင်းကင်တိုင်းပြည်ရဲ့ ရတနာတပါး
ချောမောလှပမှု ကြောင့်ထင်ပေါ်ကျော်ကြားပြီး
မာနကြီးသူဖြစ်သောကြောင့် ပိုကျော်ကြားသည်
ရက်စက်တတ်မှုကတော့ အလှတရားကြားမှာ ကွယ်လုလု
နန္ဒီအလိုရှိလျှင် ချက်ချင်းသေပေးမဲ့ လူမျိုးများတိုင်းပြည်အနှံ့

ရေချိုးနေတုန်းရဲမက်တွေ ခေါ်ကြားသည်

ရေအေးဆေးချိုးချင်သောကြောင့် အထိန်းတော်များကို မစောင့်ခိုင်းတတ်တာအကျင့်

သူတံခါးဝကို လျှောက်သွားပြီး

"ဘာဖြစ်တာလဲ အပြင်မှာ" နန္ဒီကို ရဲမက်တွေက ကြောက်သောကြောင့် တော်ယုံ အနားမကပ်ရဲ

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now