ခွန်းရဲ့မုန်း ဇာတ်သိမ်းပါပြီခင်ဗျာ

3.8K 163 29
                                    

ခွန်းလစ်ထွက်လာပြီး မုန်းဆီ အပြေးတပိုင်း
ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းပါတဲ့ မုန်း

အခုတလော ပါးစပ်ကအစာမပြတ်တဲ့သူမ
မုန့်တွေ တပွေ့တပိုက်

ဗိုက်က ဖောင်းဖောင်းလေးဖြစ်နေသည်
သူမ ဗိုက်ကိုပွတ်လိုက်စားလိုက် ပါးကြီးဖောင်းလို့

ခွန်း မုန်အနောက်ကနေ ပါးကြီးကို ဆွဲလိုက်ကာ
"စားလှချည်းလား ခွန်းမိန်းမ ပါးတောင်ဖောင်းနေပြီ"

ခွန်းအသံကြားတာနဲ့ ပြန်လှည့်ကြည့်လာပြီး
"ခွန်း ပြန်ရောက်ပြီလား ဒါလေးစားကြည့် တကယ်ကောင်းတယ်"

ခွန်းပါးစပ်ထဲကို မုန့်အတင်းထည့်ပေးနေသောမုန်း
ခွန်း စားလိုက်ပြီး သူ့ခေါင်းလေးကိုပုတ်လိုက်ကာ

"ဟုတ်ကဲ့ပါခင်ဗျာ မုန်း မလွမ်းဘူးလား"

မုန်းခေါင်းခါလိုက်ပြီး
"လွမ်းပါဘူး ဒီမှာ ခွန်းကိုယ်ပွားလေးရှိတာပဲ"
သူ့ဗိုက်လေးကို ငုတ်ကြည့်နေသော သူမ

ခွန်းမျက်နှာ ဆူပုပ်လိုက်ပြီး
" တော်ပြီ အဲ့ဒါလေးကို ထုတ်လိုက်တော့ မဟုတ်ရင် မုန်း ခွန်းကို မချစ်တော့ဘဲနေမယ်"

ခွန်းအဲ့လိုပြောတော့ မုန်းတ ခစ်ခစ် ထရယ်လိုက်ပြီး ခွန်းပါးလေးကို နမ်းလိုက်ကာ
"ဆူပုပ်မနေနဲ့ကွာ ချစ်လို့ စနေတာကို ပြီးတော့ ဒါလေးက မုန်းနဲ့ ခွန်းရဲ့ ခလေးလေးလေကွာ အတူတူချစ်ကြမယ်နော် ခွန်း"

ခွန်းရင်ခွင်ထဲမှီလိုက်ကာ တီတီတာတာပြောနေသောသူမ

ခွန်း မုန်းကို နမ်းလိုက်ပြီး ပွေ့ချီလိုက်ကာ အိပ်ယာပေါ်တင်ပြီး ပါးနမ်းလိုက်နှုတ်ခမ်းနမ်းလိုက် လုပ်နေသည်

ခွန်း တဖွဖွလေး လုပ်နေသမျှ အသည်းတယားယားဖြစ်နေသော မုန်း

"ကိုကို ဒါဘာလုပ်တာလဲ ဘယ်တုန်းကရောက်နေတာလဲ"
အသဲဗြဲနဲ့ ဝင်လာသော နံ့သာ
နန္ဒီရောက အမရာပါ ရောက်ချလာသည်

ခွန်း မတ်တပ်ရပ်လိုက်ပြီး
" နမ်းနေတာလေ ခုနကပဲရောက်တယ်"

ခွန်းအဲ့လိုပြန်ပြောပြီး မသိသလိုလုပ်ကာ မုန်းကိုပဲဆက်နမ်းနေသည်

You've reached the end of published parts.

⏰ Last updated: Aug 05, 2020 ⏰

Add this story to your Library to get notified about new parts!

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now