အတ္တကြီးသူ

2.2K 158 6
                                    

ခွန်း စကားပြန်မပြောနိုင်ဖြစ်ရသည့်အထိ

ခွန်းဖြစ်နေတဲ့ပုံက လန့်နေသည့်ကြားမှ ချစ်စရာကောင်းနေသလိုပင်

နန္ဒီ  ခွန်းကို စိုက်ကြည့်လိုက်ရင်း

"ဒီနေ့ကစပြီး ခွန်းက နန္ဒီအပိုင် နန္ဒီအတွက်ပဲဖြစ်ရမယ် ကြားလားခွန်း" နန္ဒီပြောလိုက်သော ကျောချမ်းစရာစကားများကြောင့် ခွန်းနားမလည်စွာ ပြန်မေးလိုက်သည်

"ခွန်းက ခိုးဝင်လာတဲ့သူမလား မဖမ်းတော့ဘူးလား" ခွန်းမေးလိုက်သောစကားကြောင့် နန္ဒီ ပြုံးလိုက်ပြီး

"ဖမ်းထားတယ် ဒီမှာ" ဆိုပြီး ခွန်းကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်

"အင့် " နန္ဒီခပ်တင်းတင်းဆွဲဖက်လိုက်သောကြောင့် ခွန်းရင်ပတ်အောင့်တက်သွားသည်
ခွန်းမျက်နှာက ဘာအရံအကာမှ မဝတ်ထားဘဲ ညဝတ်တထည်တည်းဝတ်ထားသောနန္ဒီရဲ့ အမွှာကြား 

ခွန်းအသက်အောင့်ထားလိုက်မိသည်

"ခွန်း  နန္ဒီခွန်းကို ချစ်တယ် ခွန်းဘယ်မှမသွားရဘူးနော် ဒီမှာပဲနေရမယ်" ခွန်းတအံ့တသြဖြစ်ရသည့်အထိပင်

***မင်းသမီးက ဂေါက်ကြောင်လား အခုမှတွေ့ဖူးတဲ့လူကိုချစ်တယ်တဲ့***

ထိုအချိန် အခန်းဝမှ
"အမတော် အမတော် အိပ်ပြီလား" နန္ဒီရဲ့ မောင် အိမ်ရှေ့စံမင်းသားရောက်လာသည်
နန္ဒီ တံခါးဖွင့်လိုက်ပြီး အိမ်ရှေ့စံကိုအခန်းထဲ ခေါ်လိုက်သည်

***သွားပြီ ကျားရှေ့မှောက်ရက်လှဲပြီး ပါးပါး မားမားကယ်တော်မူပါ****

ခွန်း မသိချင်ယောင်ဆောင်ကာ မုန့်ပဲစားနေလိုက်သည်

ခွန်းကိုမြင်တော့ "သူကဘယ်သူလဲ အမတော်"

နန္ဒီ အိမ်ရှေ့စံကို အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်ပြီး

"ဘယ်သူဖြစ်ဖြစ် နင့်အပူပါလား ငါ့ကိစ္စ နင်ပူစရာမလိုဘူး ဘာကိစ္စလဲပြော"

အမိန့်ဆန်ဆန် စကားလုံးကြောင့် အမကိုကြောက်ရသူပီပီ

"ဟို  ဟို ကျူးကျော်သူ ဝင်လာတယ်ကြားတယ် သူ့ကို မသင်္ကာဘူးအမတော် စစ်မေးခွင့်ပေးပါ"

ခွန်းရဲ့ မုန်း (Complete)Où les histoires vivent. Découvrez maintenant