စစ်ပွဲရုတ်သိမ်းခြင်း

1.9K 110 1
                                    

မိုးကောင်းကင်တိုင်းပြည်ရဲ့အရှင် သက်ပြင်းချလိုက်သည်
ငယ်ငယ်ကတည်းက ဇွတ်တရွတ်နိုင်လှသော သမီးတော်ကြီး
သမီးတော်ငယ်လေးကပါ မပြန်ချင်ဘူးဆိုတော့
သူသက်ပြင်းချယုံမှတပါးမတတ်နိုင်

အိမ်ရှေ့စံဝဏ္ဏ  ဖခမည်းတော်ရဲ့ သက်ပြင်းချသံအဆုံးမှာ တုန်လှုပ်သွားရသည်

ဒါဟာ ဖခမည်းတော် ရှေ့မဆက်တော့ဘူးဆိုတဲ့အဓိပ္ပါယ်

အိမ်ရှေ့စံ ရှေ့တလှမ်းတိုးလာပြီး ဖခမည်းတော်ကို ခွင့်တောင်းသည်
စီးချင်းယှဉ်တိုက်ဖို့တောင်းဆိုခြင်းဖြစ်သည်

သူရှုံးပါက ငြိမ်းချမ်းရေးသတ်မှတ်ပြီး မင်းသမီးတွေ ဆန္ဒအတိုင်းနေခွင့်ပေးမယ်
သူနိုင်ပါက စစ်ပွဲအနိုင်ဟု သဘောထားပြီး ဒီဒေသကို သူတို့အပိုင်းသတ်မှတ်ရမယ်ဖြစ် မင်းသမီးများလည်း အိမ်ပြန်လိုက်ရမယ်

ဖခမည်းတော် သက်ပြင်းချကာ သူ့သမီးတော်တွေရဲ့ ဆန္ဒက ရိုးရှင်းသည် ဆိုပေမဲ့ တကယ်တမ်း သွေးသားအသိနဲ့က တိုင်းတပါးမှာ ထားရသည်မှာ ရင်တက်မအေးနိုင်ပါတကား

စစ်သူကြီးဘက်လှည့်လာပြီး အိမ်ရှေ့စံ ခွင့်တောင်းသောအရာကိုအတည်ပြုလိုက်သည်

ခွန်း မဲ့ပြုံးလေးတချက်မဲ့လိုက်ကာ
သူလက်ခံသည်ဆိုတဲ့အကြောင်း ပြောလိုက်သည်

သာယာဝတီတိုင်းပြည်ရဲ့ စစ်သူကြီး နယ်နယ်ရရ မဟုတ်ဘူးမလား

ခွန်းနဲ့ ဝဏ္ဏ စည်းဝိုင်းအလည်ရောက်လာသည်
အချက်ပေးမောင်း တီးခတ်ရင် ဖြစ်သည်

အချက်ပေးမောင်း ငါးချက်တီးမှာဖြစ်ပြီး ပြိုင်ပွဲစတင်ရင် နောက်တချက်ထပ်တီးရသည်

ခွန်းအရပ်နဲ့ အိမ်ရှေ့စံ ယှဉ်ကြည့်ရင် လွန်စွာ ကွာခြားလှသည်

ခွန်းအရပ် ငါးပေ ခုနှစ်လက်မနဲ့အထက်

အိမ်ရှေ့စံ ခြောက်ပေ အတိ

ခွန်းမျက်နှာရှည်ရှည်သွယ်သွယ် ဖြူဖြူနုနု ဖြစ်နေသလောက်
အိမ်ရှေ့စံမှာမူ လူဘီလူးကြီးအလား

သန်မာသော လက်မောင်းတုတ်ခိုင်သောခန္ဓာကိုယ်ရှိသည့်အပြင်
မျက်နှာမှ အမွှေးအမျှင်များအပြည့်ပင်

ခွန်းရဲ့ မုန်း (Complete)Hikayelerin yaşadığı yer. Şimdi keşfedin