နန်းတက်ပွဲအခမ်းအနားကျင်းပခြင်း

1.4K 78 8
                                    

ခွန်း မုန်းပါးလေးကို နမ်းလိုက်ရင်း လွမ်းခဲ့ရသမျှ
အတိုးချဖက်ထားမိသည်

ကျန်နှစ်ယောက်ကိုမတွေ့မိသောကြောင့်
"မုန်း ဟိုနှစ်ယောက်ရော"

ခွန်းအမေးကြောင့် မုန်းနှုတ်ခမ်းလေးထော်လိုက်ကာ
"တွေ့ချင်တယ်ပေါ့ အဲ့နှစ်ယောက် သွားတွေ့သွား မိုးကောင်းကင်တိုင်းပြည်ကို ဟွန့် လာမဖက်နဲ့"

ခွန်းကိုတွန်းထုတ်လိုက်ပြီး ငိုမဲ့မဲ့လေးလုပ်နေသောမုန်း

ခွန်း မုန်းနှာခေါင်းလေးကို ဆွဲလိုက်ပြီး
"သူတို့နှစ်ယောက်မရှိတော့ ခွန်းမုန်းကိုလွတ်လွတ်လပ်လပ် အဟမ်း"

ခွန်းရယ်ကျဲကျဲလုပ်ရင်း မုန်းနှုတ်ခမ်းကို နမ်းပစ်လိုက်သည်

မုန်းခွန်းလည်ပင်းကို ပြန်ဖက်ရင်း တုန့်ပြန်နမ်းလိုက်သည်

"အဟမ်း အဟမ်း ကိုကိုခွန်း"
တံခါးဝမှ သက္က သူတို့နှစ်ယောက်ကိုချောင်းဟန့်ပြရင်း
ပြုံးစိစိလုပ်နေသည်

ခွန်းသက္ကကို ပြန်လှည့်ကြည့်ပြီး မုန်းစားနေသော မုန့်နဲ့ ပစ်ပေါက်လိုက်သည်

"ဘာလာလုပ်တာလဲ သူများအခန်းကို"
သက္က ကပြာကယာရှောင်လိုက်ပြီး
"ခမည်းတော်ဆီမသွားဘဲ အလွမ်းသယ်နေတယ်ဟုတ်လား အခြေအနေဘာထူးလဲ"

သက္ကအပြောကြောင့် ခွန်းမဲ့ပြလိုက်ပြီး
"မင်းအပူလား အလွမ်းသယ်တော့
သွားမယ် ခဏနေရင် မင်းသာပြန်တော့"

အကိုတော်ကိုနှင်ထုတ်ပြီး မုန်းဆီ ပြန်လှည့်လာသောခွန်း

"မုန်း လာပါဦး ဖက်ထားချင်လို့"

ခွန်း မုန်းအနားကို အသာလေးကပ်သွားကာဖက်ထားလိုက်သည်

မုန်းခွန်းရင်ခွင်ထဲဝင်တိုးလိုက်ကာ လွမ်းသမျှကိုအတိုးချ မှေးနေမိသည်

ခွန်းသူ့ရင်ခွင်မှာ တိတ်တိတ်လေးနေနေသော ထိုခလေးကို တချက်ငုံ့ကြည့်ပြီးပွေ့ချီလိုက်ကာ ကုတင်ပေါ်ခေါ်လာခဲ့သည်

မုန်းအချီခံလိုက်ရသောကြောင့် မျက်လုံးလေးအဝိုင်းသား

ခွန်းမုန်းကို နမ်းလိုက်ရင်း အင်္ကျီချွတ်ရန်ပြင်နေမိသည်

ခွန်းရဲ့ မုန်း (Complete)Où les histoires vivent. Découvrez maintenant