အသင်္ခယာနှင့် စစ်ပွဲ

1.4K 88 4
                                    

ခွန်း သုဝဏ္ဏက ခွာလာသည်နှင့် ခွန်း အနောက်ဘက်ဆီက မြို့ရဲ့ မီးရောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်

**တော်သေးတာပေါ့**
ခွန်း သူ့ဘေးကတောက်တဲ့လို ကပ်နေသော အမရာကိုကြည့်ပြီး
"ရေချိုးဖို့စိတ်မကူးဘူးလား"

ခွန်းပြုံးစိစိနဲ့ပြောလိုက်သောကြောင့် သူမ နှုတ်ခမ်းလေးမဲ့လိုက်ကာ မျက်နှာငယ်လေးဖြစ် "ချိုးချင်တာပေါ့ တစ်ယောက်တည်းကြောက်လို့"

ဘေးကကိုယ်ရံတော်က သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးစိစိလုပ်ကာ ရှောင်ထွက်သွားသည်

ခွန်း အမရာကိုပွေ့ချီလိုက်ကာ
"ကဲ အခုရောကြောက်သေးလား"
ခွန်း ရယ်ကျဲကျဲလုပ်ကာ မေးလိုက်သည်

သူမ တခစ်ခစ်ရယ်ရင်း ခွန်းပုခုံးကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ကာ
"ကြောက်တော့ပါဘူး ခွန်းအနားမှာရှိရင် လုံခြုံတယ်"

သူမ ခွန်းရင်ခွင်ထဲမှီလိုက်ပြီး မျက်လုံးလေး မှိတ်ထားလိုက်သည်

ခွန်းသူမကို ငုတ်ကြည့်လိုက်ပြီး အခန်းထဲကိုခေါ်သွားသည်

အခန်းထဲရောက်တော့ ရေချိုးကန်ထဲထည့်ပေးလိုက်သည်

"ရေချိုးတော့နော် ပြီးရင်ထမင်းစားမယ်"
ခွန်း ရေချိုးဖို့ပြောကာ သူကိုယ်တိုင် စားဖိုဆောင်ဆီ ထွက်သွားသည်

ခွန်း စားဖိုဆောင်ဆီရောက်တော့ တပ်သားတချို့ထမင်းစားနေကြသည်

ခွန်းကိုမြင်တော့ အရိုအသေထပေးကြသည်

ခွန်းပြန်စားရင် ပြောပြီး စားဖိုမှူးကို ထမင်းဟင်းပြင်ဆင်ပေးရန်ပြောပြီး အခန်းဆီပြန်လာခဲ့သည်

အမရာရေချိုးသည်မှာမပြီးသေးတာမို့ အပြင်မှာပင် ထိုင်စောင့်နေလိုက်သည်

ခဏနေတော့ ထမင်းဟင်းများလာပို့သည်

ခွန်းအအေးတခွက်ဖျော်ခိုင်းလိုက်ပြီး သောက်နေသည်

အမရာရေချိုးပြီးသွားတော့ထွက်လာသည်

ခွန်းရဲ့အဝတ်အစားယူဝတ်ထားသည်မို့
ကိုးယိုးကားယားထွက်လာသောသူမ

ခွန်းရဲ့ မုန်း (Complete)Donde viven las historias. Descúbrelo ahora