သာယာဝတီမြို့တော်

1.6K 82 4
                                    

ပြန်ရောက်သည့်နေ့မှ စ၍ညီလာခံပဲ တက်နေရသောခွန်း

ဖခမည်းတော်သည်မှာလည်း ခွန်းကိုအနားမှာပဲခေါ်ကာ တခုမဟုတ်တခုခိုင်းနေတတ်သည်
အကိုတော်အကြောင်းမမေး

ခွန်းပြန်ရောက်တော့ လက်ပိုက်ကာ စောင့်နေသောမင်းသမီး သုံးပါး

ခွန်းမျက်နှာငယ်လေးလုပ်ပြလိုက်သည်

အဲ့လိုကျတော့သုံးယောက်သား စိတ်မကောင်းဖြစ်ရပြန်သည်

"ခွန်း ပင်ပန်းနေပြီလား ခမည်းတော်က ဘာတွေခိုင်းနေလို့လဲဟင်"

မုန်း ခွန်းနဖူးက ချွေးစတွေကိုသုတ်ပေးရင်း တယုတယမေးရှာသည်

နံ့သာ ခွန်းလက်တဖက်ခိုလိုက်ကာ
"ကိုကို မောနေပြီလား ရေခပ်ပေးမယ်နော် ခဏစောင့်"
နံ့သာ ရေခွက်ပြေးယူတုန်းရှိသေး
နန္ဒီက ခပ်လာပြီးသားရေခွက်ကို ခွန်းအား ကမ်းပေးလိုက်သည်

"ခွန်းလေး ရေအေးအေးလေး သောက်လိုက်နော်"

နံ့သာ နှုတ်ခမ်းထော်ပစ်လိုက်ပါပြီ

ခွန်းနံ့သာကို ခေါင်းလေးပွတ်လိုက်ကာ
နန္ဒီပေးသောရေခွက်ကိုယူသောက်လိုက်သည်

မုန်း ခွန်းမျက်နှာကို စိုက်ကြည့်ရင်း
"ခွန်း ခမည်းတော် ဘာတွေပြောနေလို့လဲ"

ခွန်း မုန်းကို ပြုံးပြလိုက်ပြီး
"ခမည်းတော်က သူ့ချွေးမလေးကို တွေ့ချင်တယ်တဲ့"

"ဟာ တကယ်ကြီးလား" သုံးယောက်သား တအံ့တသြ
ခွန်းကခေါင်းငြိမ့်ပြလိုက်သည်

"ဟာ ဘယ်လိုအလှပြင်သွားရင်ကောင်းမလဲ ယောက္ခမကတွေ့ချင်တယ်တဲ့" နံ့သာ သူပါးသူပြန်ကိုင်လိုက်နှုတ်ခမ်းလေးထော်လိုက် စဉ်းစားခန်းဝင်နေသည်
ကျန်နှစ်ယောက်မှာလည်း စဉ်းစားခန်းကိုယ်စီဝင်နေသည်

နန္ဒီ ခွန်းလက်မောင်းကို ကိုင်လိုက်ပြီး
"ခွန်း ဘယ်သူ့ကိုခေါ်သွားမှာလဲဟင်"
မုန်းကလည်း သိချင်သော ပုံစံပင်

ခွန်းခေါင်းလေးကုတ်လိုက်ပြီး
"အဲ့ဒါကလေ ဘယ်သူသွားတွေ့ချင်လဲ"

ခွန်းအမေးကြောင့် နန္ဒီလက်ထောင်လိုက်ကာ
"ဒီဒီသွားမယ်"
မုန်းကလည်းအားကျမခံ
"မုန်းရောပဲ"

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now