နန်းတက်ပွဲ

1.4K 90 21
                                    

ခွန်း သူ့အခန်းသူပြန်လာရင်း တလမ်းလုံးပွစိပွစိ စာကိုဖတ်လိုက်စိတ်တိုလိုက်

****ဒီနေရာမှာ ဆက်မနေချင်တာသိရဲ့နဲ့****
အခန်းထဲအောင်းပြီး စာကိုဖတ်လိုက် ဟိုဘက်လိမ့် ဒီဘက်လိမ့်

သူအင်္ကျီကို ပြန်နမ်းကြည့်တော့ ရေမချိုးရသေးတာ သတိယသွားသည်

သူအဝတ်အစားယူပြီး အခန်းထဲကထွက်ကာ ရေချိုးရန်နေရာရှာမိသည်

ရေတံခွန်ရှိသောနေရာ သူထွက်လာခဲ့သည်
ရေတံခွန်ဆီရောက်တော့ အဝတ်အစားချွတ်လိုက်ပြီး ဒိုင်ဗင်ထိုးလိုက် ရေကူးလိုက် လုပ်နေမိသည်

ကောင်မလေးတချို့ရောက်လာပြီး
ခွန်းကိုရေထဲထွက်ရန် အော်နေသည်
ခွန်းလည်းမကြားရသောကြောင့် သူ့တို့အနားလျှောက်လာသည်

အနားရောက်တော့ ကောင်မလေးတစ်ယောက်က
ခွန်းကိုပြူးကြည့်ပြီး
"အရှင် ဒီနေရာက ရေမချိုးရနေရာပါ သခင်မသိရင် ယွန်းတို့ အဆူခံရပါတော့မယ်
အရင်နှစ်က အသစ်လာတဲ့ကောင်မလေး ရေလာချိုးလို့ အပြစ်ပေးခံရပါတယ် အရှင်
ယွန်းတို့ကိုသနားပါ"

ထိုကောင်မလေးစကားကြောင့် ခွန်းရယ်ကျဲကျဲလုပ်ရင်း
"သိမှမသိဘဲ နေဦး မြန်မြန်လစ်မှ"
ခွန်းအဝတ်အစားမဝတ်ခင်

နတ်ဆရာမ ရောက်ချလာသည်
ခွန်းလည်း အင်္ကျီချွတ်ရင်းတန်းလန်း

ယွန်းတို့ အဖွဲ့မှာ ခေါင်းမဖော်တော့

"ယွန်းးးး"
နတ်ဆရာမ တခွန်းတည်းခေါ်လိုက်သည်
ယွန်းမှာနေစရာမရှိတော့

"အမိန့်ရှိပါ သခင်မ"

"ငါဘာပြောထားလဲ" အသံကအခုချက်ချင်း သေမိန့်စီရင်တဲ့လူလိုမျိုးအသံ
ခွန်းလည်းမနေသာတော့
"သခင်မ သူတို့အပြစ်မဟုတ်ပါဘူး ခွန်းမသိလို့ ရေလာချိုးမိတာပါ ခွန်းကိုပဲအပြစ်ပေးပါ"

နတ်ဆရာမ ခွန်းကိုကြည့်လိုက်ပြီး
"ကောင်းပြီလေ မှောက်လိုက်"

ခွန်းလည်းမှောက်လိုက်ရသည်

နတ်ဆရာ ကြာပွတ်သွားယူခိုင်းသည်
ခဏနေတော့ ကြာပွတ်ရောက်လာကာ
ခွန်းကျောပေါ်ရိုက်ချက်များ တဖြောင်းဖြောင်းရောက်ချလာသည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now