နန်းတော်ထဲသို့ဝင်ခြင်း

2.2K 167 0
                                    

မောင်နှမ နှစ်ယောက် သူတို့နိုင်ငံက သံတမာန် ရွှေပြားထုတ်ပြပြီး နန်းတော်ထဲဝင်ခဲ့သည်

ဘုရင်ကြီးက ကြိုစောင့်နေသည့်မို့ နှစ်ယောက်သား အရိုအသေပေးလိုက်ကြသည်

သေချာကြည့်တော့ ယက္ခသာဆိုသည် အစွယ်မပေါ်ပါ နှစ်ယောက်သား စိုးရိမ်စိတ်လျော့လာသည်

ခွန်း ဘုရင်ကြီးကို အရိုအသေပြုရင်း နှုတ်ဆက်စကားဆိုလိုက်သည်

"ကျန်းမာရဲ့လား အရှင် "

ခွန်း နှုတ်ဆက်သံကြောင့် အသံအနည်းငယ်ကွာတာကို သတိထားမိသော ဘုရင်ကြီးက ပြန်နှုတ်ဆက်လေသည်

"စစ်သူကြီး ခွန်းလား ဒီဘက်ကအဖြူရောင် ဝတ်စုံနဲ့က ခွန်းသက္ကပေါ့ ကျန်းမာတော်မူတယ် စစ်သူကြီး အခုလိုမျိုးအကူအညီတောင်းရတာကတော့ တကယ် အားနာစရာကောင်းတယ်"
ဘုရင်ကြီးရဲ့ အားနာသောစကားကြောင့် ခွန်းပြန်လျှောက်တင်လိုက်သည်
"ကျွန်တော်မျိုးတို့တိုင်းပြည်က ယက္ဓဝတီကိုကူညီဖို့အချိန်မရွေး  လူအင်အား လက်နက်အင်အားစုဆောင်းထားပါတယ် အရှင် စိုးရိမ် အားနာစရာမျိုးမရှိပါဘူးအရှင်" ခွန်းလျှောက်တင်သောစကားကြောင့် သူလူရွေးမှန်သွားတာဟု ယက္ခဘုရင်ကြီးတွေးလိုက်ရင်း မိဖုရားကိုလှမ်းကြည့်ကာ အချက်ပြလိုက်သည်
သမီးတော် သားတော်ကို ခေါ်ဖို့

ဘုရင်ကြီးတွင် ရှားရှားပါးပါး သားတော်တစ်ပါးနှင် သမီးတော် ခုနှစ်ဖော်ရှိသည်

ခဏလေးအတွင်းရောက်လာသောသမီးတော် သားတော်များ

"ကဲ အကူအညီတောင်းရမှာ အားနာပါတယ် စစ်သူကြီး သင် သင်ကြားပေးရမဲ့ သမီးတော် ခုနှစ်ဖော်ပါ သူတို့အဆောင်တော်ကတော့ ဘုရင်နဲ့ အကိုတော်ကလွှဲပြီး မည်သူ ဘယ်ယောက်ျားသားမှ ဝင်ခွင့်မရှိတာမလို့ အကူအညီတောင်းရခြင်းဖြစ်တယ်"
ဘုရင်ကြီးအကူအညီတောင်းရတဲ့အကြောင်းရင်းကိုရှင်းပြရှာသည်

"သားတော် နာမည်က သူရိန်ယက္ခဖြစ်တယ် အကြီးဆုံးသားတော်ဆိုပါတော့
သမီးတော်ကြီးက ပဒုမ္မာယက္ခဒေဝီ, ဒုတိယသမီးတော်က စန္ဒီယက္ခဒေဝီ, စန္ဒာယက္ခဒေဝီ, ကလျာဒေဝီ,
သန္တာဒေဝီ, တာရာယက္ခဒေဝီ,အငယ်ဆုံးလေးက မုန်းယက္ခဒေဝီဖြစ်တယ်"

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now