နီးစပ်ခြင်း

2.1K 126 0
                                    

သက္က ရှက်ရမ်းရမ်းသောအမူအရာ
ပါးနီနီဖောင်းဖောင်း နှုတ်ခမ်းထွေထွေလေးကြောင့်
သူရိန်တချက်ပြုံးလိုက်ကာ
သက္ကမေးစေ့ကိုဆွဲမော့လိုက်ပြီး
"အခုနက ပြန်နမ်းနေတာ ဘယ်သူပါလိမ့်"
သက္က အသက်ရှုမြန်လာကာ
"ခင်ဗျားကြီးမကောင်းဘူး လူကိုအလိုမတူဘဲ လာနမ်းပြီးတော့"
သက္က မျက်နှာတောင်မဖော်ရဲတော့
**ရှက်လို့သေတော့မယ် ဒီလူကြီးတော့***
သက္က တုန်တုန်ရီရီ ဖြစ်နေသောပုံလေးကြောင့်
သူရိန် သက္က ခေါင်းလေးကိုဖွဖွလေးနမ်းလိုက်ကာ
"အဲ့ဒါဆိုလည်း ပိစိက အရင်နမ်းလေ ကိုကိုငြိမ်နေမယ်"
"သေမလို့ ကိုကိုလားတော်ပြီ အောက်ချပေး ကို့ဘာသာလျှောက်မယ် သူ့တိုင်းပြည်ဆိုတိုင်း လူကိုအနိုင်ကျင့်တယ်" သက္ကပြောပြောဆိုဆို ဆင်းဖို့ပြင်လိုက်သည်
သူရိန် သက္ကကို တင်းတင်းလေးပြန်ဖက်ထားပြီး
"မရပါဘူး ဒီကိုကိုကအိပ်ယာထဲအထိပို့ပေးမယ် ပြီးရင်တော့ အဟင်း"
သူရိန် မချိုအချဉ်အပြုံးကြောင့် သက္က မဲ့လိုက်ကာ
"ဘာအဟင်းလဲ လွှတ်ဆို လွှတ်ဗျာ ဆင်းမယ်"

သူရိန် သက္ကစကားကို ဥပက္ခာပြုကာ အခန်းဆီလျှောက်လာခဲ့သည်
ထို့နောက် အိပ်ခန်းဆီသို့
သူရိန် သက္ကကို ကုတင်ပေါ်ဖြေးဖြေးလေးချလိုက်ကာ အပေါ်စီးကနေ ငုံ့ကြည့်ရင်း
ပြုံးပြုံးလေးလုပ်နေသည်

သက္ကမရဲတရဲလေးပြန်ကြည့်ကာ
"ဘာလဲ ဘာကြည့်တာလဲ ပြန်တော့ သွားတော့ အိပ်တော့မယ်"
သက္က အတင်းနှင်ထုတ်သောကြောင့် သူရိန် မျက်မှောက်ကြုတ်လိုက်ကာ
" ဘာလဲကွာ ပင်ပန်းခအနေနဲ့ အဲ့နှုတ်ခမ်းတော့ ပေးနမ်းပေါ့ ဒီအတိုင်းမသွားနိုင်ပါဘူး"

သူရိန်ပြောသောစကားကြောင့် အခုနက ပြန်နမ်းမိတာကိုတွေးမိပြီး သက္ကပါးလေးရဲတက်လာသည်
"ချစ်လား ပိစိ"
ရုတ်တရက်မေးလိုက်သောသူရိန်
"အင်း" ယောင်ပြီးဖြေလိုက်သောသက္က
"အား မဟုတ် မဟုတ်ဘူး မသိဘူး ဘာမှ ထွက်သွားတော့"
သက္က ရှက်ရှက်ဖြင့် စောင် ခေါင်းမြီးခြုံလိုက်သည်
***အား ရှက်လိုက်တာ ရှက်လိုက်တာ ရှက်လို့သေတော့မယ်**

သူရိန်ထွက်မသွားဘဲ သက္ကဘေးလှဲအိပ်လိုက်ကာ ခါးတင်းတင်းဖက်ထားလိုက်ပြီး သူ့ကိုယ်လုံးနဲ့ကပ်လိုက်သည်
သက္ကတကိုယ်လုံး သူ့ရင်ခွင်ထဲမြုတ်လို့

ခွန်းရဲ့ မုန်း (Complete)Donde viven las historias. Descúbrelo ahora