အမိန့်တော်

1.6K 96 5
                                    

ခွန်း ထိုခလေးမ တောင်းပန်သည့်ပုံကိုတချက်ကြည့်လိုက်ပြီး
"ကျစ်" ဆိုပြီး စိတ်ရှုပ်သွားဟန်

သွားတော့ဆိုပြီး လက်ခါပြလိုက်သည်
ထိုခလေးမ ခွန်းကိုမော်ကြည့်လိုက်ပြီး
ခွန်းမျက်နှာကို တအံ့တသြငေးကြည့်နေသည်
အထိန်းတော်ကိုလည်း ထွက်သွားရန်ပြောလိုက်သည်

"မုန်း အလှပြင်တော့မှာလား ခွန်းအပြင်မှာစောင့်နေမယ်လေနော်"

"ကိုကိုနော် မလွန်ဘူးလား သာသာဒီမှာ အသက်ရှိသေးတယ်"
နံ့သာ ခွန်းလက်မောင်းလေးကိုင်ပြီးခိုလိုက်ကာ နှုတ်ခမ်းထော်ပြောလိုက်သည်

ရိပ် အနောက်ဖက်ကအသံတချို့ကြောင့် လှည့်ကြည့်ချင်သော စိတ်ကိုထိန်းကာ ဆို့လာသော မျက်ရည်ကိုမသိမသာလေး မျက်တောင်မြန်မြန်ခတ်လိုက်သည်

"ခွန်း ဘာလို့ ဟိုကောင်မလေးကို အဲ့လောက်ရင့်သီးတာလဲ"
မုန်း ခွန်းကိုကြည့်ပြီး မေးလာသည်

ခွန်း မုန်းမျက်နှာကို ဆွဲကပ်လိုက်ပြီး
"ဒီမျက်နှာလေးကို ခွန်းကလွှဲပြီး တခြားလူကိုမထိစေချင်လို့ပေါ့"

မတရားတွေ လုပ်ပြနေသလိုခံစားလာရသော နံ့သာ ခွန်းကို ဆွဲဖက်လိုက်ပြီး
"သာသာကရော"

ခွန်း နံ့သာခေါင်းကိုပုတ်လိုက်ရင်း
"ဟုတ်တယ် သာသာလည်းပါတယ်"

နန္ဒီ သက်ပြင်းချလိုက်ပြီး
"ခွန်းလေး တော်လောက်ပြီ အသေသတ်နေသလား ဒီဒီကို ဘယ်နားထားမှာလဲပြော"

ခွန်းရယ်ကျဲကျဲလုပ်ပြီး မုန်းကိုတချက်နမ်းလိုက်ကာ
"အပြင်မှာစောင့်နေမယ် မြန်မြန်ထွက်လာခဲ့ကြ"

နံ့သာ ခွန်းအနားကို မျက်နှာတိုးကပ်လာပြီး
"သာသာကိုလည်းနမ်းရမယ်လေ"
နံ့သာအပြောကြောင့် ခွန်း နံ့သာခေါင်းလေး ပုတ်လိုက်ရင်း တချက်နမ်းလိုက်သည်

နန္ဒီကလည်း ခါးထောက်ကြည့်နေကာ သူ့ကိုမနမ်းရင် လိုက်သတ်မဲ့ အသွင်မျိုး

"ခွန်းလေး ဒီဒီကိုရောပဲ"
ခွန်းသက်ပြင်းချလိုက်ပြီး
နန္ဒီ ကိုတချက်နမ်းလိုက်သည်

ဟူးးးးမလွယ်ပါလားနော်

ခွန်းအခန်းအပြင်က ဧည့်သည်ဆောင်မှာ ထိုင်စောင့်နေလိုက်သည်

ခွန်းရဲ့ မုန်း (Complete)Tempat cerita menjadi hidup. Temukan sekarang