သာယာဝတီပြန်ရောက်ခြင်း

1.4K 88 5
                                    

ခွန်း အဆောင်ပြန်ရောက်တာနဲ့ ပြန်ရန်ပြင်ဆင်သည်
ပြီးတာနဲ့ အကိုတော်ဆီသွားတော့ သူကတော့ မိုးမာန်ခနဲ့ စကားလုပြောကောင်းတုန်း

ခွန်းသက်ပြင်းချလိုက်ပြီး
"အကိုတော် နေခဲ့မှာလားပြော အခုထိမပြင်ရသေးဘူးလားပြော"

ခွန်းပြောမှသတိယကာ ကမန်းကတမ်းထပြင်နေသော သက္က

မိုးမာန်ခကတော့ရယ်လို့

ပြင်ဆင်ပြီးကြသည်နှင့် ဘုရင်မင်းမြတ်နဲ့ မိဖုရားဆီသွားပြီး ပြန်မဲ့အကြောင်း သံတော်ဦးတင်ကာ
အဆောင်ဆီပြန်လာခဲ့သည်

ထိုညနေ ညဘက်အထိ ရှင်းသစ္စာရောက်မလာ
ခွန်း အိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ပြီး
***သူလည်းသဘောပေါက်လောက်ပြီ
ထင်ပါတယ်လေ***

မိုးလင်းတာနဲ့ ခွန်းတို့ သင်္ဘောဆီ ထွက်လာခဲ့ကြသည်

သင်္ဘောစထွက်ပြီးဆိုတာနဲ့ ငိုမဲ့မဲ့ကျန်ခဲ့သော မိုးမာန်ခ

ကမ်းနဲ့အတော်ဝေးဝေးရောက်တော့ ခွန်းလည်း သင်္ဘောအခန်းထဲဝင်လာသည်

သူရေချိုးဖို့အဝတ်အစားလဲပြီး ရေချိုးခန်းတံခါးတွန်းအဖွင့်
"ဒုတ် အ"

အထဲကမိန်းခလေးအသံကြောင့်
***ဘယ်က ကောင်မလေးပါလာတာလဲ***
ရေချိုးခန်းထဲတွင် နဖူးလေးပွတ်ကာ
ဝင်လာသောခွန်းကို မော့ကြည့်နေသော ရှင်းသစ္စာ

"ရှင်းသစ္စာ ဒီအခန်းထဲဘယ်လိုရောက်နေတာလဲ"
ခွန်းတအံ့တသြမေးလိုက်တော့
သူမ ငိုမဲ့မဲ့လေးဖြစ်

"နာလိုက်တာ"
နဖူးကိုပွတ်ကာ ညည်းနေသောသူမ

ခွန်း သူနဖူးကို ကြည့်လိုက်ကာ ပွတ်ပေးလိုက်ပြီး
"ဘာဖြစ်သွားသေးလဲ"
မေးလိုက်သည်

ရှင်းသစ္စာ ခွန်းလက်ကို ကိုင်ထားလိုက်ပြီး
"ဟီးးးး ပျောက်သွားပြီခု ခွန်းနောက်ကိုလိုက်မှာလေ ညကတည်းကရောက်နေတာ ဒီအခန်းထဲက ခွန်းသုံးတတ်တဲ့ ပစ္စည်းတွေ တွေ့လို့ ဒီအခန်းထဲဝင်နေတာ"

ခွန်းအဝတ်အစားပြန်ဝတ်လိုက်ပြီး
ရှင်းသစ္စာ လက်ကိုဆွဲကာ အပြင်ခေါ်ထုတ်လာသည်

အကုန်လုံးကလည်း မျက်လုံးပြူးကုန်သည်
****ဘယ်ကကောင်မလေးပါလာတာလဲ***

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now