အဏ္ဏာဝါ တိုင်းပြည်သို့ ခရီးထွက်ခြင်း

1.4K 90 12
                                    

ခွန်း နံ့သာကို ရယ်ကျဲကျဲလုပ်ကာ ရယ်နေမိသည်
နောက်တော့ ကလျာဆီပြေးသွားပြီး
"ကလျာ နင်စတဲ့ဇာတ်လမ်းငါ့ဘက်လှည့်လာပြီခု"

ကလျာ မသိချင်ယောင်ဆောင်ရင်း
"ဘာလဲခွန်းရာ ကလျာလည်း ဘာမှမသိပါလား"

ကလျာလုပ်နေပုံက ရိုက်သတ်စရာ

ခွန်းတရှူးရှူး တရှဲရှဲ ဖြစ်နေသောကြောင့် ကလျာခမျှာ ရယ်နေရသည်

နောက်တော့ မိဖုရားတွေဆင့်ခေါ်လိုက်ကာ ခလေးလိုချင်သောသူကို လက်ထောင်ခိုင်းသည်

နန္ဒီ နံ့သာ အမရာ သုံးယောက်စလုံးလက်ညိုးထောင်လာသောကြောင့်ခွန်း မျက်စိမျက်နှာပျက်ပျက်ဖြစ်သွားရသည်

သူ ခြောက်ရက်တောင် အိပ်ရဦးမှာလား

ကလျာကိုလှမ်းကြည့်တော့ သူမခွန်းကို ပုခုံးတွန့်ပြလာသည်

နောက်တော့ ခွန်းကို အိပ်ဆေးတိုက်ကာ ထုံးစံအတိုင်း လုပ်ငန်းစပြန်သည်

သူရိန်ကတော့ သူ့ခလေးနဲ့တိုင်ပင်ကာ သူလည်းခလေးလိုချင်ကြောင်း ကလျာကိုပြောလာသည်

ကလျာလည်း လုပ်ပေးမယ်ဖြစ်ကြောင်းအငှားကိုယ်ဝန်ဆောင်ဖို့ လူရှာခိုင်းသည်

ခွန်း နှစ်ရက်သာအိပ်ပြီး နိုးလာသည်

သူ့မိဖုရားများကတော့ ဗိုက်ခလေးကိုယ်ဆီပွတ်ကာ ကျေနပ်ပြုံးလေး ပြုံးနေကြသည်

ခွန်းခေါင်းခါလိုက်ရင်း မုန်းဆီကိုပြေးလာသည်

မုန်းကတော့ထုံးစံအတိုင်း ကုတင်ပေါ်တွင်ခွေခွေလေး

ခွန်းမုန်းအနားမှာ အသာအယာလှဲပြီး ခါးလေးကိုဖက်ထားကာ
"မုန်း နေကောင်းရဲ့လား ဘာစားချင်လဲ"

မုန်းခွန်းအသံကြားသည်နှင့် လှည့်လာပြီး ခွန်းခါးလေးကိုဖက်ကာ
ချဉ်တာလေး တခုခုစားချင်တယ် ပြင်ခိုင်းထားတယ် မလာသေးလို့"

ခွန်း မုန်းကိုတချက်နမ်းလိုက်ကာ
"အဲ့ဒါဆို စားပြီးရင် ခဏအိပ်နော် ခွန်းညီလာခံခဏသွားရဦးမယ်"

ခွန်း ညီလာခံကိုရောက်တော့ အကိုတော်သက္ကစောင့်နေသည်

"ခလေးအဖေကြီး အခုမှလာတာလား ဒီမှာ မင်းသယ်ချင်းရောက်နေတယ်"

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now