ခွန်းလည်းသက်ပြင်းချလိုက်ကာ တခြားလူတွေ ခေါ်ရန်ထွက်လာခဲ့သည်
မိုးမာန်ခ အခန်းထဲရောက်တော့ နှစ်ယောက်သား ပန်းချီကားကြည့်လိုက် ကဗျာစပ်လိုက် သာယာနေသော နှစ်ယောက်သား
"ခ မြို့ထဲလိုက်မပို့တော့ဘူးလား ပျင်းနေပြီ နေရတာ"
ခွန်းဘေးနားကပ်ပြောလိုက်တာတောင် မိုးမာန်ခ မကြား
"ခ"
"ခ.."
"ဘုန်း"
ခေါ်မကြားသောကြောင့် နှာရင်းအုပ်ပေးလိုက်ကာ
"အသက်ထွက်သွားတာလား ခေါ်နေတယ်လေ"ခွန်း ရိုက်လိုက်မှ နိုးလာတဲ့သူနှယ်
"ဟမ် ဘာလဲ ဘာလဲ"
ခွန်း ရှူတင်တင် ကြည့်လိုက်ရင်း
"အပြင်သွားမယ်ခေါ်နေတယ်လေ"မိုးမာန်ခ ခေါင်းခါလိုက်ကာ
"မလိုက်တော့ဘူး ဒီမှာအရေးကြီးနေတယ် မင်းပဲသွားတော့""ဟာ ဟေ့ယျောင့် မင်းခေါ်လာတာနော်"
"အေပါကွာ နောက်နေ့မှလိုက်ပို့မယ် ဒီနေ့မအားဘူး"
အဲ့လိုပြောပြီးတာနဲ့ စာကုန်းရေးနေသော မိုးမာန်ခ
ခွန်း သူ့ခေါင်းကိုဖြောင်းကနဲ့ ရိုက်လိုက်ပြီး
ပြန်ထွက်လာခဲ့သည်ရှင်းသစ္စာ အပြင်မှာ လက်ခလေးပိုက်ကာစောင့်နေသည်
ခွန်းလည်း သက်ပြင်းချလိုက်ကာ
"ဒီနေ့တော့ နှစ်ယောက်တည်းသွားရတော့မယ် ရှင်းသစ္စာ မလိုက်ချင်ရင် နေခဲ့လိုက်လေ"ခွန်းသူ့ကိုတည့်တည့်ကြည့်ပြီးပြောလိုက်သည်
ရှင်းသစ္စာပြုံးလိုက်ကာ
"ရှင်းက ခွန်းနဲ့ပဲတူတူသွားချင်တာ သူတို့ပါလာရင်တောင် ရှုပ်နေဦးမှာ"ခွန်းလည်းဘာမှမပြောတော့ဘဲ အပြင်ထွက်ခွင့် ကဒ်ပြားပြပြီး ထွက်လာခဲ့သည်
တလမ်းလုံး ရှင်းသစ္စာမှာပျော်ရွှင်နေပေမဲ့ ခွန်းကတော့ ကျောက်ရုပ်လူသား
ခေါင်းငြိမ့် ခေါင်းခါ မုန့်တွေ့ရင် ဝင်စား
ရှင်းသစ္စာ ခွန်းလက်ကိုတွဲပြီး တလမ်းလုံးခုန်ပေါက်လာသည်
YOU ARE READING
ခွန်းရဲ့ မုန်း (Complete)
Mystery / Thrillerရှေးရှေးတုန်းက တိုင်းပြည်နှစ်ခုရဲ့ ရန်ညိုးမှသည် အချစ်ဆီသို့