စစ်တိုက်ထွက်ခြင်း

2K 143 0
                                    

"ခမည်းတော် ဒါတော့ မတရားဘူး"
ဟုတ်ပါသည် ပဒုမ္မာအသံပါ
ခွန်းနဲ့အတူ မုန်းကို ထည့်ပေးမယ်ဆိုတဲ့ကိစ္စကို ဦးတိုက်လာလျှောက်တင်ခြင်းဖြစ်သည်

မယ်တော်ယက္ဓဒေဝီမှာလည်း ဘာဖြစ်ပြန်တာလဲ ဆိုတဲ့ပုံစံနဲ့လက်ဖက်ရည်သောက်ရင်း သူ့သမီးတော်ကိုလှမ်းကြည့်လိုက်သည်
အရှင့်ဆီက အသံတော့ ဘာမှထွက်မလာ

"ခမည်းတော် ပဒုမ္မာပြောနေတယ်လေ သမီးတော်ကို မုန်းနဲ့နေရာလဲပေးပါ"

ပဒုမ္မာ ထပ်တောင်းဆိုလာသည်

ဘုရင်မင်းမြတ် သူ့သမီးတော်ကို တချက်ပြုံးကြည့်လိုက်ပြီး
"သမီးတော်သာ အခန်းထဲကအပြင်ထွက်ခဲ့မယ်ဆို ဒီကိစ္စက သမီးတော်ကို အားကိုးရမှာ အခုတော့ သမီးတော်ငယ်လေးက မြင်းစီးကျွမ်းတဲ့အပြင် မြှားရေးကလည်းမဆိုးဘူးလေ"

***ဟင် ခမည်းတော်က သိနေတာလား***

ပဒုမ္မာ အံ့သြသလိုပြန်ကြည့်သောကြောင့်

"ဟား ဟား ဟား ဘာမှစောဒကမတက်နဲ့ သမီးငယ်လေး မုန်းသွားရမယ် ဒါအမိန့်ပဲ သွားတော့"
ခမည်းတော် နှင်ထုတ်လိုက်သောကြောင့် ပဒုမ္မာ ခေါင်းငိုက်စိုက်ပြန်ထွက်လာသည်
***သွားပြီ****သွားပြီး ဘယ်အချိန်ထိစစ်ပွဲက ကြာနေမှာလဲ****
အဆောင်ကို အသက်မပါသောခြေလှမ်းဖြင့်ပြန်လျှောက်လာသည်

~~~~~~~~~~~~~~~~~~~~~~~

မုန်းဒေဝီ
ခမည်းတော်ရဲ့ အမိန့်ကြောင့် စစ်တိုက်ရမယ်ဆိုတဲ့အတွေးက ကြောက်နေမိပေမဲ့ ခွန်းအတူတူသွားရမယ်ဆိုသောကြောင့် ပျော်မိသည်မှာအမှန်း

***ဟိုရောက်ရင် အတူတူနေရမှာလား တခန်းတည်းအိပ်ရမှာလား ရင်ခုန်လိုက်တာ ခွန်းနဲ့အနီးကပ် နေရမှာတမျိုးပဲ သူအဖြေတောင်းထားတာ ပေးလိုက်ရတော့မလား*****

အိပ်ယာထဲလူးလိမ့်ရင်း လျှောက်တွေးနေမိသည်

သူ့ရင်ပတ်ကို သူပြန်ကိုင်လိုက်ရင်း
***ဟိုနေ့က သူထိထားတာ ငါတောင်မထိဖူးတဲ့နေရာကို အနေရခက်လိုက်တာ ရင်ခုန်တာလည်းမနားတော့ဘူး*****

~~~~~~~~~~~~~~~~~~~~~~~~~
ခွန်းအဂ္ဂ

**မုန်းနဲ့သွားရမယ်တဲ့ ငါသူ့ကိုစကားအများကြီးပြောချင်နေတာ သူ့အတွက်အဆင်ပြေပါ့မလား
သူတခုခုဖြစ်လို့ မဖြစ်ဘူး ငါ အသက်နဲ့ရင်းပြီး ကာကွယ်ရမယ်**
~~~~~~~~~~~~~~~~~~~~
မနက် (4) နာရီ လာခေါ်နိုးသော အထိန်းတော်ကြောင့် မုန်းအိပ်မှုန်စုံမွှားထွက်လာသည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now