ယက္ခဝတီ

2.4K 174 0
                                    

နှစ်ယောက်သား အမောတကောဖြင့် မောင်းလာသောကြောင့် မိုးမချုပ်ခင် မြို့တွင်းရောက်လာခဲ့ကြသည်

မနက်တည်းက အိမ်တော်ထိန်းပေးလိုက်သော ကောက်ညှင်းပေါင်းများအပြင်ဘာမှမစားရသေးသောကြောင့် နှစ်ယောက်သား ဆိုင်အသဲအသန်ရှာမိကြသည်

"ခွန်း ခွန်း စားသောက်ဆိုင်ကောင်းကောင်းရှာကွာ ဗိုက်ဆာတယ်ဟ" ခွန်းသက္က ညီမတော် လက်ကိုဆွဲကာဆွဲကာ ဆိုင်ရှာခိုင်းနေသည်

ခွန်း သူ့ဘက်ကိုဆွဲလာသော အကိုတော်လက်ကို ပုတ်ချကာ " အခုမှပြူးမနေနဲ့ ငါလည်းခုမှရောက်ဖူးတာ လူသားစားနေရဦးမယ် ဆိုင်မှားဝင်လို့  ဒါယက္ခပြည်နော် သိတယ်မလား" ခွန်း လက်ညိုးကို ထောင်လိုက်ကာ အကိုတော်ကို စနေသည်
အကိုတော် သက္က ငြိမ်သွားသောကြောင့် ကြောက်နေမှန်းသိသာနေသည် မျက်နှာငယ်လေးက ရဲလို့
***အကိုတော် ငကြောက်***
***ခွန်းက သရဲကလွှဲပြီးမကြောက်ပါဘူးနော်****

~~~~~~~~~~~~~~~~~~~~~~~~~~~
ဆိုင်ကြီးကြီးကောင်းကောင်းတဆိုင်မြင်သော
ကြောင့် လှည်းရပ်လိုက်ကာ မြင်းကို အပ်သည်

နှစ်ယောက်သား ဆိုင်ထဲဝင်လာသည်

ရုပ်ချင်း အရပ်အမောင်းချင်း အလွန်တူသောကြောင့် အမွှာဟုထင်ရသော နှစ်ယောက်သား လူအများဝိုင်းကြည့်နေကြသည်

သူတို့နှစ်ယောက် သူဌေးဟုထင်ရသောလူဆီတည့်တည့်လျှောက်လာကာ
" ဆိုင်ရှင်လား ဒီည ဒီမှာတည်းမလို့ အခန်း နှစ်ခန်းရယ် ဒီဆိုင်ရဲ့ အကောင်းဆုံးအစားအစာရယ် ပြင်ဆင်ပေးပါ"

အသပြာကို ခုံပေါ်တင်လိုက်ကာ ခွန်းပြောလိုက်သည်

အကိုတော်ကတော့ လိုက်ငေးမဆုံးတော့

ဆိုင်ရှင် ရွှေဒင်္ဂါးကိုကြည့်ရင်း လူချမ်းသာ သာသုံးနိုင်သည့် ငွေပမာဏမလို့ မျက်လုံးပြူးသွားသည်

" ငါ့တူကြီးတို့ အခန်းလည်းပြင်ဆင်ထားပါတယ် အစားအသောက်လည်း ခုချက်ချင်းပြင်ခိုင်းလိုက်ပါ့မယ် ခဏစောင့်ပါ"

ဆိုင်ရှင် ပြာပြာသလဲ စားပွဲထိုးများကိုခေါ်ကာ အစားအသောက်ပြင်ဆင်ရန် ထွက်သွားသည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now