သုဝဏ္ဏမြို့တော်ဆီ နောက်တခေါက်

1.4K 86 5
                                    

ခွန်းတို့ လေးရက်မျှ ခရီးပြင်းနှင်လာခဲ့သည်
ခိုစာကြောင့် သူရိန်တို့ရောက်နှင့်ကြောင်း အကြောင်းကြားစာရသည်

စစ်တပ်ကို ကျွန်းတဖက်မှာ တပ်စောင့်စေပြီး အမိန့်တော်စောင့်စေသည်

ခွန်းမြို့တော်ထဲသို့ ကိုယ်ရံတော်တချို့သာ ခေါ်လာခဲ့သည်

သုဝဏ္ဏမြို့အစောင့်တပ်သားတချို့က စီးကြိုပြီး နန်းတော်ထဲခေါ်လာသည်

နန်းတော်ထဲရောက်သည့်နှင့် စီးကြိုလာသူ ဘုရင်မင်းမြတ်ဆိုသူမှာ ယောက်ျားလေးမဟုတ်ဘဲ
မိန်းခလေးဖြစ်နေသည်

ခွန်း တအံ့တသြ
" သာယာဝတီရဲ့ အရှင်ရောက်လာပြီကိုး"
ထိုစကားမျှသာပြောပြီး
"ကြိုဆိုပါတယ်အရှင် ကြွပါ"

ခွန်း နေရာပေးထားသော ခုံတွင်ထိုင်လိုက်သည်
အသင်္ခယာဘုရင်မ ရှင်းသစ္စာ ခွန်းကိုတချက်မျှ ကြည့်လိုက်ပြီး

"သာယာဝတီရဲ့ အရှင်ကိုယ်တိုင် လာချီးမြှောက်မယ်မထင်ထားဘူး အခုလို ကြွလာတော့လည်း ဂုဏ်ယူမိတာအမှန်ပဲ"

ခွန်း အခန်းထဲတချက်ဝေ့ကြည့်လိုက်ကာ ပြုံးလိုက်ပြီး
"အရင်က သုဝဏ္ဏရဲ့ ဘုရင်မနဲ့လည်းရင်းနှီးပြီးသားမလို့ အခုလည်း သူ့ကိုအကျဉ်းချထားတဲ့သတင်းရတာနဲ့ထွက်လာခဲ့တာပါ သခင်မအနေနဲ့ သုဝဏ္ဏရဲ့ဘုရင်မကို နယ်နှင်ဖို့ စီမံထားပါသလား"

ခွန်းအမေးကြောင့် သူမတချက်ပြုံးလိုက်ပြီး
****သူက အမရာကြောင့်ရောက်လာတာပဲ****

"နယ်နှင်ဒဏ်ပေးရမလား သေဒဏ်ပေးရမလား အခုအချိန်ထိ စဉ်းစားတုန်းပါပဲ သခင်မရဲ့သဘောကတော့ နန်းတက်ပွဲမှာပဲ လူအများရှေ့မှာ ခေါင်းဖြတ်သတ်ဖို့ အကြံပေးထားတယ် တခြားမှူးမတ်တွေကတောါ လက်မခံဘူးဖြစ်နေတယ် တိုင်းပြည်အုံကြွလာနိုင်တယ်ဆိုတဲ့စကားတွေကြောင့် အခုထိတော့ သတ်သတ်မှတ်မှတ် မဆုံးဖြတ်ရသေးပါဘူး"

****ဟင် သောက်ကျိုးနည်း သူက အဲ့လောက်တောင်ရက်စက်တာလားဟ****
ခွန်း ပြုံးပဲ ပြုံးလိုက်ကာ

"သာယာဝတီက လက်ဆောင်တွေလည်းပါလာတာမလို့ လက်ခံပေးပါဦး သခင်မ ခွန်းအနေနဲ့ကတော့ သေဒဏ်ပေးတယ်ဆိုတာကို မထောက်ခံချင်တာအမှန်ပါပဲ သခင်မရဲ့ရှေ့ရေးလည်းရှိသေးတယ်မလား"

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now