နယ်စပ်

2.1K 141 0
                                    

"စစ်သူကြီး စစ်သူကြီး ကယ်ပါဦး"

အခန်းအပြင်မှ အလန့်တကြားအော်ခေါ်သံကြောင့် ခွန်း သူ့ရင်ခွင်ထဲ အိပ်ပျော်နေတဲ့မုန်းကို တချက်နမ်းလိုက်ပြီး
အခန်းအပြင်ထွက်လိုက်ကာ တုန်တုန်ရီရီ ရပ်နေသော မုန်းရဲ့အထိန်းတော်

"ဘာဖြစ်တာလဲ အထိန်းတော် မုန်းကိုရှာနေတာလား"
"ဟင် စစ်သူကြီးကသိနေတာလား"
တအံ့တသြမေးလာသော မေးခွန်းကြောင့် ခွန်းတချက်ပြုံးလိုက်ကာ

"မုန်းဒီမှာရှိတယ် စိတ်မပူနဲ့" ဟုတ်တယ်လေ ခလေးက သူ့ရင်ခွင်ထဲမှာ လုံခြုံနေတာကို

ခွန်းပြောလိုက်သောစကားကြောင့်
အထိန်းတော် အခန်းထဲပြေးဝင်သွားသည်

"ဒေဝီ ဒေဝီ " အထိန်းတော်အသံကြောင့် မုန်းနိုးလာသည်

"ဘာဖြစ်တာလဲဟာ အိပ်လို့ကောင်းနေတာကို"

မုန်း အိပ်ချင်မူးတူးဖြစ် ဘေးကိုစမ်းကြည့်တော့ ခွန်းကိုမတွေ့သောကြောင့် မျက်လုံးဖွင့်ကာ ရှာကြည့်မိသည်

ခွန်းက ချပ်ဝတ်တွေ ပြန်ဝတ်နေသည်

မုန်း အပြေးလေး ခွန်းအနောက်ကို သိုင်းဖက်လိုက်ကာ

"ဒါဘယ်သွားမို့လဲ အစောကြီးရှိသေးတာကို့ ပြန်အိပ်ရအောင်နော် အိပ်ချင်သေးတယ်"

ခွန်းကျောကို ပါးလေးနဲ့အပ်ချစ်စရာကောင်းအောင် လုပ်နေသောအပြုအမူကြောင့် အထိန်းတော်ပါ မျက်လုံးပြူးလာသည်
ခွန်း မုန်းဘက်ပြန်လှည့်ကာ

"မိုးလင်းတော့မယ်လေ ပြီးတော့ခရီးဆက်ရဦးမယ် လမ်းကျမှဆက်အိပ်တော့နော် မုန်း" ခလေးလေးလို ခေါင်းလေးကို ပုတ်ပြီးပြောလိုက်သောကြောင့် မုန်းနှုတ်ခမ်းထော်ပစ်လိုက်ကာ

"ဖက်ပြီးအိပ်ချင်တာကို" မတိုးမကျယ်ပြောလိုက်သောစကားကြောင့် ခွန်းမျက်နှာရဲတက်လာကာ
"လမ်းကြောင်းစစ်ရဦးမယ်လေ မုန်းရယ် ခွန်းက ဦးဆောင်ရတာဆိုတော့ ပေါ့လျော့လို့မရဘူး ပြီးတော့လည်း မုန်းကိုအထိခိုက်မခံနိုင်ဘူး"

သူတို့နှစ်ယောက်တည်း စကားပြောနေသောကြောင့် အထိန်းတော်ခမျှ အနေခက်ပါဘိ

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now