ဇာပနာပွဲတော်ကျင်းပခြင်း

1.3K 94 16
                                    

ခွန်း မဲ့နေသောပုံကြောင့် သက္ကလည်း သမားတော် ခေါ်လိုက်ပြီး အနာကိုကြည့်လိုက်သည်

ဆိုးဆိုးရွားရွား အရှိုးရာများကြောင့် မျက်နှာမကောင်းဖြစ်သွားသည်

ကျန်သုံးယောက်မှာလည်း မျက်ရည်သုတ်ကာ သုတ်ကာ ခွန်းပုခုံးကို ကိုင်ထားသည်

ခွန်းသူတို့မျက်နှာကိုကြည့်ပြီး
"ဘာဖြစ်လို့လဲ တော်တော်ဆိုးလို့လား"

ခွန်းအမေးကြောင့် သက္ကမျက်နှာပြင်ပြီး
"နည်းနည်းလေးပါကွာ ဘာမှမဖြစ်ပါဘူး မင်းကလည်းသွေးကြောင်မနေနဲ့"

အကိုတော် ပြောလိုက်သောစကားကြောင့်
ခွန်းမဲ့လိုက်ကာ
"မင်းကိုအဲ့လိုပြန်ရိုက်မယ်လေ ဘယ်လိုလဲသိရအောင်"
သမားတော်ခွန်းအနာဆေးထည့်ပေးပြီး ပြန်သွားသည်

သုဝဏ္ဏပြည်မှာလည်း အမရာတစ်ယောက်ပြိုင်ပွဲကိုရောက်မလာသောကြောင့် အထိန်းတော်အမရာ အဆောင်ဘက်ရောက်လာသည်

"သခင်မ သခင်မ"
ထူးသံမကြားအရင်တုန်းကအော်ဟစ် ဒေါသထွက်နေတတ်သောသူမ

အထိန်းတော် စိတ်ပူလာကာ အခန်းထဲဝင်ကြည့်လိုက်သည်

အိပ်ယာထဲတွင်ခွေခွေလေး လှဲနေကာ ခွန်းအုံးသွားသော ခေါင်းအုံးကိုဖက်ထားနေသည်

ခွန်းသွေးပေကျန်ခဲ့သောနေရာကိုလည်း ဆေးကျောခွင့်မပေး

အထိန်းတော် သူ့သခင်မအဖြစ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်

ကိုချစ်တဲ့သူကို ကို့လက်နဲ့ကိုယ်တိုင်သတ်မိတဲ့အဖြစ်မျိုး

"သခင်မ" ခပ်တိုးတိုးလေးထပ်ခေါ်တော့ အမရာ နိုးလာသည်

"ဘာအရေးလဲ အထိန်းတော်ကြီး"

အသံယဲ့ယဲ့လေးဖြစ်ပြန်မေးရှာသည်

"သခင်မ ပြိုင်ပွဲက ပြီးဆုံးသွားပါပြီ
မိုးကောင်းကင်က ဝဏ္ဏအနိုင်ရရှိပါတယ်
ပြီးတော့လည်း သာယာဝတီကလည်း နာရေးဖိတ်ထားပါတယ် သခင်မကြွရောက်ဖို့များဆန္ဒရှိ မရှိ အမိန့်ရှိပါသခင်မ"

****ခွန်း တကယ်ပဲထွက်သွားပြီးကိုးးး*****အသံတိုးလေးဖြစ်သူမရှိုက်လိုက်ကာ

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now