တဖက်သတ်အချစ်က နာကျင်စေသလား

1.6K 80 0
                                    

ခွန်း မုန်းကိုထားခဲ့တဲ့နေရာကို အပြေးလေးရောက်လာခဲ့သည်
သို့သော် ပဒုမ္မာလဲနေတာတွေ့သောကြောင့် အပြေးအလွှားသွားထူမိသည်

သူအခေါက်အခေါက်ခေါ်နိုးပေမဲ့ နိုးမလာ
မုန်းကိုရှာကြည့်တော့မတွေ့ရ
ခွန်းခေါင်းမီးတောက်လာသည်

***ခွန်းအမှားပါ မုန်းကြောက်တတ်တဲ့မုန်းကိုထားခဲ့မိလို့***
ခွန်းယူကြုံးမရ

နောက်တော့ ပဒုမ္မာ ကိုခေါ်သွားခိုင်းလိုက်ပြီး ခွန်းအမှောင်ထဲမှ ရန်သူရဲ့ခြေရာကို ခြေရာခံလိုက်ခဲ့သည်

ပဒုမ္မာ နန်းတော်ပြန်ရောက်လာသည်
မိုးလင်းတာနဲ့ နိုးလာသောပဒုမ္မာ
ခွန်းကိုရှာတော့မတွေ့
ခွန်းပါမလာ ***ခွန်းက သူ့ကို စိုးရိမ်တကြီးစောင့်ကြည့်နေရမှာလေ ပြီးတော့ သူ့ကို မုန်းအခြေအနေမေးရမှာ***အခုတော့ ခွန်းက ညကတည်းက မုန်းကိုအရှာထွက်ကြောင်းသိလိုက်ရသည်

ပဒုမ္မာ ချက်ချင်းအဆောင်မှထွက်ကာ သူ့အစီအစဉ်ပျက်သွားသောကြောင့် သူတနေရာကိုထွက်လာခဲ့သည်

ခွန်း ရန်သူတွေကိုခြေရာခံတော့ မြို့စွန်ဘက်ကိုသွားနေကြောင်းသိလိုက်သည်

ခွန်းအခြေအနေကြည့်ပြီး တိတ်တိတ်လေး လိုက်နေမိသည်

အစောင့်ချထားခြင်းမရှိသော ဘုရားကျောင်းနားရောက်တော့

အသံတချို့ကြားရသည်

"ပြန်လာပြီလား ရခဲ့လား" ယောက်ျားအသံသြသြကြီးဖြစ်ပြီး
"ဟုတ်ကဲ့ဆရာကြီး ဒါပေမဲ့ အဖွဲ့ထဲကတော်တော်ထိသွားတယ်"
ဆရာဆိုတဲ့လူရဲ့ ဟားးးဟားးးရယ်သံကြားရပြီး

"အဲ့ဒါဆိုလည်းပိုတောင်းရမှာပေါ့ နေပါဦး မင်းသမီးကအချောလေးပဲကွ"

ထိုလူ မုန်းအနားကပ်သွားတာကို မြင်မိသောကြောင့် သူဝင်သွားဖို့ခြေလှမ်းပြင်လိုက်သည်

"ဆရာ ကျွန်တော်တို့ လက်ရှောင်တာကောင်းမယ် တော်ကြာ အရှင်မင်းမြတ်ရဲ့ ခေါင်းဖြတ်သတ်တာခံရမယ်" တစ်ယောက်ကသတိပေးလိုက်သည်

"ဆရာလာမလုပ်နဲ့ငါသိတယ် မနက်ထိစောင့်ကြည့်ရမှာပေါ့"

ခွန်းအခြေအနေကိုစောင့်ကြည့်နေမိသည်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now