အောင်ပွဲည

2.1K 99 0
                                    

ခွန်းတို့ စခန်းပြန်ရောက်တော့ ခွန်းခြေပစ်လက်ပစ်ထိုင်ချလိုက်သည်

အမှန်တကယ်တော့ ဝဏ္ဏ ပစ်လိုက်သောဓားပျံတစ်ချောင်း ခွန်းပေါင်တွင်စိုက်နေသည် ဘယ်သူမှ မသိအောင် အံကြိတ်ခံနေရသည်မှာ အနေရခက်နေသောကြောင့် မြန်မြန်ရှေ့က ပြန်လာခြင်းဖြစ်သည်

ခွန်း အင်္ကျီကို အသာဟလိုက်ကာ
ပေါင်တွင် စိုက်နေသော ဓားပျံအား ဓားဦးဖြင့် ကလော်ထုတ်လိုက်သည်

"အ အားးးးးး" အသံကုန်ပစ်အော်လိုက်ရင်း
သွေးအဆက်မပြတ်ကျလာသည်ကို တားဆီးဖို့ရင် အင်္ကျီ အမြန်ချွတ်လိုက်ပြီး ဖိထားလိုက်သည်

မုန်းတို့အတော်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့သည်မို့ ပြန်မရောက်ကြသေး

အရင်ဆုံးပြန်ရောက်သူမှာ နံ့သာ
တံခါးဖွင့် ဝင်ဝင်ချင်း ညှီနံ့တချို့နဲ့ အင်္ကျီချွတ်ထားပြီး ပေါင်ဖိထားသောခွန်း

သတိလစ်မှာ စိုးရိမ်သောကြောင့် နှုတ်ခမ်းကိုက်ထားမိလိုက်သည်

ဓားပျံပိုစူးနစ်ဝင်သွားသည်မှာ မုန်းကန်ချလိုက်သောအရှိန်ကြောင့်လည်းပါသည်

ခြေသလုံးကိုကန်လိုက်ပေမဲ့ ကုန်းကုန်းကွကွ လုပ်နေသော ခွန်းကြောင့် ပေါင်ကိုထိမိသွားခြင်းဖြစ်သည်

နံ့သာအပြေးအလွှား ခွန်းဆီပြေးသွားကာ
"ကိုကို ကိုကို ပေါင်က ဘာဖြစ်တာလဲ ပြပါဦး"

ခွန်းဖိထားသောနေရာကို လှန်ကြည့်လိုက်သော
သွေးက ရှီးကနဲ့ ပန်းထွက်လာသည်

ခွန်းဆက်တောင့်မခံနိုင်တော့ဘဲ သွေးထွက်လွန်ပြီး သတိလစ်သွားသည်

နံ့သာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်

"အမတော်ရေ အမတော် လာကြပါဦး ကယ်ကြပါဦး အဟင့် အဟင့် ကိုကို့ကို လာကြည့်ပါဦး" နံ့သာ အသကုန်အော်ပြီး အမတော်ကို အကူအညီတောင်းမိသည်

"မြန်မြန်လာပါ အမတော် ကိုကို ဒဏ်ရာရထားလို့ မြန်မြန်လာပါ အမတော်ရေ့"

မုန်းနဲ့ နန္ဒီစကားနိုင်လုပြီး အခန်းဝရောက်လာသည်

အခန်းထဲမှာ ငိုသံကြောင့် နှစ်ယောက်သားပြေးဝင်သွားကာ ကြည့်လိုက်တော့သတိလစ်နေတဲ့ခွန်းရယ်
ဘေးနားမှာ ခွန်းဒဏ်ရာကိုလက်နဲ့ဖိပြီး ငိုတဲ့နံ့သာရယ်

ခွန်းရဲ့ မုန်း (Complete)Where stories live. Discover now