ဓားရေး စသင်ခြင်း

2.1K 158 0
                                    

ခွန်းတို့ ရောက်နေသည်မှာသုံးရက်ရှိပြီဖြစ်သည်
အဆိပ်မိသွားသောကြောင့် အားနည်းနေသည်မှလွဲ၍ လမ်းပုံမှန်လျှောက်နိုင်သောကြောင့် သင်ကြားရေးအတွက် စတင်မှဖြစ်တော့မယ်
ကလျာဒေဝီ ခွန်းဘေးနားမှ မခွာဘဲ ပြုစုပေးနေသည်မှာ ရင်းနှီးမှုတော်တော်ရနေပါပြီ
အကိုတော်သက္ကသည်လည်း သူရိန်ရဲ့ဂရုစိုက်မှုကြောင့် နဂိုအားနည်းနေသောသူမှာ လမ်းလျှောက်ဖို့ တွဲခေါ်ရတုန်းဖြစ်နေသည်
သူရိန်ခမျှ အပျိုတော်တွေကို မခိုင်းသောကြောင့် သူကိုယ်တိုင် တာဝန်ယူလုပ်ပေးနေမိသည်
"ကလျာ" ခွန်းနဲ့ ကလျာ အသီးထိုင်စားရင်း စကားပြောနေမိသည်
ကလျာ ခွန်းကိုငေးကြည့်နေရင်း အခေါ်ခံရသောကြောင့် လန့်သွားသည်
"ဘာ...ဘာလဲ ခွန်း" ကလျာ ကပြာကယာဖြေလိုက်ကြောင့် ခွန်းရယ်လိုက်ကာ
"ဘာတွေလန့်နေတာလဲ ကိုနေမကောင်းတုန်းက အင်္ကျီလဲပေးတာ ကလျာလားမေးမလို့ပါ"

ခွန်းမေးလိုက်သောစကားကြောင့် ကလျာ မျက်နှာနီသွားကာ သူအကြာကြီးစိုက်ကြည့်မိသည့်အထိ ဆွဲဆောင်မှုနိုင်လွန်းသော ခွန်းအလှတွေကြောင့်
ကလျာ ပိုရှက်လာမိသည် စိတ်ကိုတင်းရင်း
"ဟုတ်တယ်လေ ခွန်း ဘာဖြစ်လို့လဲ"

ကလျာရှက်သွားမှန်း ခွန်းရိပ်မိသောကြောင့်
"ကျေးဇူးတင်ချင်လို့ပါ ကလျာရယ် မဟုတ်ရင် ကိုပိုနေမကောင်းဖြစ်နိုင်မလား ကျေးဇူးပဲနော်"

ခွန်းပန်းသီးကို ဓားနဲ့စိပ်လိုက်ကာ လှမ်းပေးရင်း
"ရော့ ကျေးဇူးလက်ဆောင်" ခွန်းလှမ်းပေးသောပန်းသီးကို စားပြီး ကလျာပြုံးပြလိုက်မိသည်
ထိုသုံးရက်လုံးလုံး မုန်းနဲ့ သန္တာအလှည့်ကျရောက်လာပေမဲ့ ကျန်တဲ့အမတော်တွေရောက်မလာပါ

ခွန်းသန္တာနဲ့မုန်းကို ခွဲခြားတတ်နေပါပြီ

မုန်းကိုတနေရာမှာ မြင်ဖူးသလိုဖြစ်ပေမဲ့ မမေးဘဲထားလိုက်သည်

"မနက်ဖြန် သင်ကြားရေးစမယ် ပွဲတော်လည်းနီးနေပြီမလား ဒါနဲ့ ယက္ခပြည်ပွဲတော်က စည်လား"

ခွန်းမေးလိုက်သောမေးခွန်းကြောင့် ကလျာတချက်တွေဝေသွားသည်
ဘယ်ပွဲတော်မှမသွားတတ်သော ကလျာ ဆေးစပ် ဆေးဖော်သာ အလုပ်ရှုပ်နေတတ်သည်မို့လား

ခွန်းရဲ့ မုန်း (Complete)Onde histórias criam vida. Descubra agora