Chapter - 8

4.3K 419 6
                                    

Chapter 8: လှစ်ဟလာသော ကြံရွယ်ခြင်းများ

Translator: Nyoi-Bo Studio Editor: Nyoi-Bo Studio

မြန်မာပြန်ဆိုသူ: Theimt Theimt Wai

နေသာသည့် မနက်ခင်းတစ်ခု ..

အိုက်ဒါ အဆောက်အဦ ထဲရှိ ကြည်လင်နေသော စကျင်ကျောက်ဖြင့် ခင်းထားသည့် ကြမ်းခင်းပြင်ကျယ် ပေါ်သို့ နေရောင် ကျရောက်နေသည်မို့၊ ရွှေရောင်အလား တဖျတ်ဖျတ် လက်နေစေသည်။ အိမ်တွင်းအလှဆင်သည့် ပန်းခင်းများသည်လည်း သေသပ်စွာ တည်ရှိနေပြီး၊ ပန်းပွင့်လေးများနှင့် အစိမ်းရောင် အခက်အလက်တို့က ရေဖျန်းထားသည်ကြောင့် နေရောင်ခြည်အောက်မှာ လက်ဖြာနေကြသည်။

ဌာနအသီးသီးမှ ကိုယ်စားလှယ် ဝန်ထမ်းများအား စီမံရေးရာဌာနမှ မန်နေဂျာ၏ ဦးဆောင်မှုဖြင့် အဆောက်အဦ၏ ဝင်ပေါက် တံခါးနားတလျှောက် ရပ်နေကြစေသည်။ ရုံးတက်ဝတ်စုံပြည့် ဝတ်ဆင်ကာ၊ လက်ထဲတွင်လည်း ပန်းများ ကိုင်ဆောင်လျက် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

အပေါ်ထပ်များမှလည်း ပြတင်းပေါက်တိုင်းမှ အပြင်ကို မကြာခဏ ချောင်းကြည့်နေကြသည့် လူများ ရှိနေကြလေသည်။

စီအီးအို ရုံးခန်းအတွင်းမှ မိန်းမငယ်လေး နှစ်ဦး သည်ပင် မစောင့်နိုင်ကြတော့။ တမနက်လုံး ပြတင်းပေါက်ကိုပဲ လှမ်းလှမ်းကြည့်နေကြပြီး၊ အိုက်ဒါ ဥက္ကဌ၏ ဒုတိယသားဟာ လူမြင်ကွင်းမှာ တစ်ခါမှ မပေါ်လာဖူးတာမို့ ဘယ်လို ရုပ်သွင် ဖြစ်မည်ဆိုတာ တီးတိုးသဖန်းပိုး လုပ်နေကြ၏။

သူတို့ ပြောနေကြသည့် စကားတွေကြောင့် လင်းချန်ပါ အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ဘာရယ်မဟုတ် .. သူပါ အပြင်သို့ လှမ်းကြည့်နေမိသည်။

အဆုံးမှာတော့ သတ်မှတ်ချိန် ဖြစ်သည့် ဆယ့်တစ်နာရီ ရောက်ပေပြီ။

ကုယန်ကျစ် ၏ ကာဒီးလက် ကားကြီး မှ ဦးဆောင်ကာ အနက်ရောင်ကားများ လမ်းမကြီးပေါ်တွင် စီတန်း မောင်းလာကြသည်။ အဲ့ဒီထဲမှ ဈေးအနည်းဆုံး ကားအမျိုးအစားကတောင် အော်ဒီ .. ။ ကုမဏီရဲ့ မျက်နှာစာရှေ့ထိ စီတန်း မောင်းဝင်လာကြပြီးနောက် အဆောက်အဦကြီးရဲ့ ရှေ့တွင် တစ်စီးပြီး တစ်စီး ထိုးရပ်လာကြသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now